၂၀၁၄ အကောင်းဆုံးဘောလုံးသမား ရော်နယ်ဒို

  • 13 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ရော်နယ်ဒို တတိယအကြိမ် အကောင်းဆုံး ဘောလုံးသမားဆုရ

ကမ္ဘာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၄ခုနှစ်အတွက် FIFA Ballon d’Or ဘလွန်ဒေါ တနှစ်တာအတွင်း အကောင်းဆုံး ဘောလုံးသမားဆုကို ရီးယယ်မက်ဒရစ်က တိုက်စစ်မှုး Cristiano Ronaldo ရော်နယ်ဒို ရသွားခဲ့ပါတယ်။

ဘာစီလိုနားက မက်ဆီ၊ ဘိုင်ယန်မြူးနစ်က ဂိုးသမား မင်ဝဲနွိုင်ယာတို့ကို ကျော်ပြီး ရော်နယ်ဒိုက မဲအများဆုံးနဲ့ ရွေးချယ်ခံခဲ့ရတာပါ။

ဒါဟာ ရော်နယ်ဒို အဖို့ ဘလွန်ဒေါ အကောင်ဆုံး ဘောလုံးသမားဆုကို တတိယအကြိမ်ရခဲ့တာဖြစ်ပြီး ဒုတိယနှစ် ဆက်တိုက် ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၄ စပိန်လာလီဂါမှာ ရီးယယ်မက်ဒရစ်အတွက် ၄၃ပွဲမှာ ၅၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး ဂိုးသွင်းသူဆုကိုတော့ ကိုလံဘီယာ ဘောလုံးသမား James Rodriguez ရိုဒရီဂက်က ရသွားပါတယ်။

၂၀၁၄ ကမ္ဘာ့ဘောလုံးပြိုင်ပွဲမှာ ဥရုဂွေးနဲ့ ကစားတဲ့ပွဲမှာ ရိုဒရီဂက် ဘောလုံးကို မြေမကျဘဲ တိုက်ရိုက် ကန်သွင်းခဲ့တဲ့ ဂိုးအတွက် ရခဲ့တာဖြစ်ပါတယ်။

သူကလည်း ရော်ဘင် ဗင်ပါစီနဲ့ အိုင်းရစ်ချ် အမျိုးသမီး ဘောလုံးသမား စတက်ဖနီ ရို့ခ်တို့ထက် မဲပိုရပြီး ရွေးချယ်ခဲခဲ့ရတာပါ။

၂၀၁၄ အတွက် အကောင်းဆုံးနည်းပြဆုကို ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖိုင်နယ်မှာ အာဂျင်တီးနားကို ၁ ဂိုးဂိုးမရှိနဲ့ နိုင်ပြီး ဗိုလ်စွဲအောင်စွမ်းဆောင်ခဲ့တဲ့ ဂျာမဏီအသင်းနည်းပြ Joachim Low ဂျိုအာခင်လို က ရရှိခဲ့ပါတယ်။