အမေရိကန် စစ်ဌာနချုပ် ဝက်ဆိုက် တိုက်ခိုက် ခံရ

  • 13 ဇန်နဝါရီ 2015
us ဓာတ်ပုံ မူပိုင် Reuters
Image caption Cybercaliphate နာမည် ခံတဲ့ အုပ်စုက ဖောက်ထွင်း

အမေရိကန် စစ်ဌာနချုပ် ရဲ့ တွစ်တာ လူမှု ဝက်ဆိုက်နဲ့ ယူကျု ဗီဒီယို ဝက်ဆိုက်တွေကို အစ္စလာမ္မစ် နိုင်ငံ တပ် အတွက် ဆိုပြီး ဖောက်ထွင်း ခံရကြောင်း ဗဟို စစ်ဌာနချုပ်က ပြောကြား လိုက်ပါတယ်။

ဒီလို ဖောက်ထွင်း ခံရပေမယ့် သူတို့ရဲ့ စစ်ဘက် ဆက်သွယ်မှုတွေ မပျက်စီး မချိုးဖောက်ခံရဘူး လို့လည်း ပြောကြား ပါတယ်။

ဝါရှင်တန် ပိုစ့် သတင်းစာရဲ့ လုံခြုံရေး သတင်းထောက် Craig Whitlock က လုံခြုံရေး အတွက် ဒါဟာ သိပ်အရေးကြီးတယ်လို့ မထင်ကြောင်း ၊ ဝါဒဖြန့် သက်သက်အတွက် တော့ IS တပ် အဖို့ အာဏာသိမ်းပွဲ ဖြစ်တယ်လို့ Craig Whitlock က ပြောကြား သွားပါတယ်။

သူတို့ကိုယ် သူတို့ Cybercaliphate နာမည် ခံတဲ့ အုပ်စုက အမေရိကန် စစ်ဘက် အရာရှိ တွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ် တွေကို ဗဟို စစ်ဌာနချုပ် Centcom ရဲ့ တွစ်တာ ဝက်ဆိုက်မှာ တန်းစီ ဖော်ပြ ခဲ့ပါတယ်။

ငါတို့ လာနေပြီ အမေရိကန် စစ်သားတွေ မင်းတို့ နောက်ကျော ပြန်လှည့်ကြည့်ကြ လို့ လည်း ရေးသွားပါတယ်။

အရေးကြီးတဲ့ အချက်အလက်တွေ ဝက်ဆိုက်မှာ တင်မသွားဘူးလို့ ဗဟို စစ်ဌာနချုပ် ဘက်က ပြောပါတယ်။

ဒီ ဖောက်ထွင်း ခံရတဲ့ လူမှု ဝက်ဆိုက် တွေဟာ ကာကွယ်ရေး ဌာန ရဲ့ ဝက်ဆိုက် ဆာဗာမှာ တင်ထားတာ မဟုတ်ဘဲ နာရီ ဝက် အတွင်း ဖောက်ထွင်းသူ တွေ တင်ထားတဲ့ စာတွေ ပြန်ဖြုတ်ပစ် နိုင်ခဲ့တယ် လို့ လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ