အဲအေးရှား လေယာဉ် ကိုယ်ထည် တည်နေရာ သိရပြီ

  • 14 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption လေယာဉ် ကိုယ်ထည်နဲ့ တောင်ပံ အစိတ်အပိုင်းကို ရေအောက် ဓာတ်ပုံမှာ တွေ့ရ

ပြီးခဲ့တဲ့လက ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ်ရဲ့ လေယာဉ် ကိုယ်ထည် ရှိတဲ့ နေရာကို တွေ့ရှိ ထားပြီးပြီလို့ ရှာဖွေရေး အဖွဲ့တွေက ပြောပါတယ်။

လေယာဉ် ကိုယ်ထည်ကို စင်္ကာပူ ရေတပ် ရှာဖွေရေး ယာဉ်ရဲ့ ရေအောက် ကင်မရာနဲ့ ရိုက်ထားတဲ့ ပုံတွေမှာ တွေ့ရတာလို့ အင်ဒိုနီးရှားနဲ့ စင်္ကာပူ အရာရှိတွေက ပြောပါတယ်။

ခရီးသည် အလောင်း အများစုဟာ ဒီလေယာဉ် ကိုယ်ထည် ထဲမှာ ပိတ်မိနေမယ်လို့ ယူဆ နေကြပါတယ်။

အရင် ရက်တွေက တွေ့ထားတဲ့ လေယာဉ်ရဲ့ ဘလက်ဘောက်စ် လို့ခေါ်တဲ့ အချက်အလက် မှတ်တမ်းတင် ကိရိယာတွေကိုလည်း ကျွမ်းကျင်သူတွေက စစ်ဆေး နေကြပါတယ်။

အဲအေးရှား လေယာဉ် QZ8501 ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့က လူ ၁၆၂ ဦး လိုက်ပါပြီး ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းစဉ် ပျက်ကျ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ