အိန္ဒိယ ဂန်ဂျီမြစ်ထဲမှာ အလောင်း ၁၀၀ ကျော် တွေ့ရှိ

  • 14 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဂန်ဂျီ မြစ်ထဲက အလောင်းတွေကို ဆယ်ယူစဉ်

အိန္ဒိယ နိုင်ငံ အူတာပရာဒက်ရှ် ပြည်နယ်က ဂန်ဂျီ မြစ်ထဲမှာ လူသေ အလောင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့ရ ပြီးနောက် အာဏာပိုင်တွေက ဒီကိစ္စကို စုံစမ်း စစ်ဆေး နေပါတယ်။

ဒီ အလောင်းတွေဟာ သေဆုံးပြီးနောက် ကျန်ရစ်သူ မိသားစုတွေက မီးသင်္ဂြိုဟ်ဖို့ မတတ်နိုင်ကြလို့ မြစ်ထဲ မျှောလိုက်တဲ့၊ ဒါမှမဟုတ် မြစ်ကမ်းပါးမှာ ဖြစ်သလို မြှုပ်နှံလိုက်တဲ့ အလောင်းတွေ ဖြစ်ကြောင်း တချို့ သတင်းတွေမှာ ဖော်ပြ ကြပါတယ်။

ဂန်ဂျီ မြစ်ဟာ အိန္ဒိယမှာ လူအများ အထွဋ်အမြတ် ထားတဲ့ မြစ်တစ်စင်း ဖြစ်ပြီး လူသေ မီးသင်္ဂြိုဟ်မှုတွေကို ဒီမြစ်ကမ်းပါးမှာ ပြုလုပ်လေ့ ရှိကြပါတယ်။

မိုင်ပေါင်း ၁၅၀၀ ရှည်လျားတဲ့ ဂန်ဂျီ မြစ်ဟာ စက်ရုံ စွန့်ပစ် ပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ၊ ရေးဆိုး ရေညစ်တွေနဲ့ ဆိုးဆိုးရွားရွား ညစ်ညမ်းနေတဲ့ မြစ်လည်း ဖြစ်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ မနှစ်တုန်းက ရွေးကောက်ပွဲ နိုင်ခဲ့စဉ်က ဒီ ဂန်ဂျီမြစ် သန့်ရှင်းရေးအတွက် ဆောင်ရွက်ပေးမယ်လို့ ကတိ ပြုခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ