ဂျပန် ကာကွယ်ရေး အသုံးစရိတ် စံချိန်တင် တိုးမြှင့်

  • 14 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အရှေ့တရုတ် ပင်လယ်က ကျွန်းတွေကို ဂျပန်နဲ့ တရုတ်တို့ ပိုင်ဆိုင်မှု အငြင်းပွားနေ

တရုတ်နဲ့ ရေပိုက်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ဂျပန် နိုင်ငံဟာ ကာကွယ်ရေး အသုံးစရိတ်ကို စံချိန်တင် ဒေါ်လာ ၄၂ ဘီလျံ သုံးဖို့ ဂျပန် အစိုးရ ဝန်ကြီးအဖွဲ့က အတည်ပြု လိုက်ပါတယ်။

ဂျပန် နိုင်ငံရဲ့ အဝန်းအဝိုင်းမှာ ပြောင်းလဲနေတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖို့အတွက် ဒီလို သုံးစွဲဖို့ လိုအပ်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးသစ်က ပြောပါတယ်။

ဒီပမာဏဟာ မနှစ်က အသုံးစရိတ်ထက် ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပြီး ဒီဘတ်ဂျက် အသစ်နဲ့ ကင်းထောက် စစ်လေယာဉ်တွေ၊ ဒရုန်း လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ ဝယ်ယူရာမှာ သုံးစွဲသွားဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ဂျပန် စစ်တပ်ကို အင်အား ဖြည့်တင်းနိုင်ဖို့ အတွက် နိုင်ငံရဲ့ စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မယ့် အစီအစဉ်တွေ ကြေညာခဲ့ပါတယ်။

တရုတ်ဘက်ကတော့ အခုလို ဂျပန်ရဲ့ ဆောင်ရွက်ချက်ဟာ ရန်လို တင်းမာမှုတွေ ဖြစ်စေတယ်လို့ ပြောဆို ရှုံ့ချခဲ့ပေမယ့် သူ့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကိုလည်း တိုးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ