ဘယ်လ်​ဂျီ​ယမ်​မှာ အကြမ်း​ဖက် သမား​တွေ​လို့ ယူဆ​ရ​သူ​တွေ ကို ဝင်​ရောက် စီးနင်း

  • 15 ဇန်နဝါရီ 2015
_belgium_police_ ဓာတ်ပုံ မူပိုင် EPA
Image caption ဗယ်ရ်ဗီရေး မြို့ စီးနင်းမှု မှာ အစ္စလာမ်မစ် အစွန်း ရောက် တွေ လို့ ယူဆရသူ ၂ ဦး သေဆုံး။

ဘယ်လ်ဂျီယမ် နိုင်ငံ တဝှမ်းက မြို့တွေမှာ အကြမ်းဖက် သမားတွေ လို့ သံသယ ရှိခံရသူ တွေကို ဝင်ရောက် စီးနင်းမှု စုစုပေါင်း ၁၀ ကြိမ် ပြုလုပ် ခဲ့ကြပါတယ်။ ဗယ်ရ်ဗီရေး မြို့ မှာ လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ ရဲ့ စီးနင်းမှု အတွင်း အစ္စလာမ်မစ် အစွန်းရောက် တွေ လို့ ယူဆရသူ ၂ ဦး သေဆုံး ခဲ့ကြောင်း ဘယ်လ်ဂျီယမ် ရဲ့ ဗဟို အစိုးရ ရှေ့နေ တွေက ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ကို ဦးဆောင် စုံစမ်းနေတဲ့ တရားသူကြီးက ဘရပ်ဆဲလ်၊ ဗယ်ရ်ဗီရေး နဲ့ ဗီးလ်ဗော့ဒ် မြို့တွေ မှာ စီးနင်းမှု တွေ လုပ်ဖို့ ဝရမ်း ၁၀ စောင် ထုတ် ပေးခဲ့တယ် ဆိုပြီး မြို့တော် ဘရပ်ဆဲ မှာ ရှိတဲ့ အစိုးရ ရှေ့နေရုံး ရဲ့ ပြောခွင့်ရ အဲရစ် ဗန်ဒါ ဆိုက် က မီဒီယာ တွေကို ပြောပါတယ်။

ဆီးရီးယား နိုင်ငံကနေ လောလော လတ်လတ် မှာ ပြန်လာ ကြတယ် လို့ ယူဆရတဲ့ အုပ်စုဟာ ဘယ်လ်ဂျီယမ် နိုင်ငံ ထဲမှာ အကြမ်းဖက် တိုက်ခိုက် မှုတွေ လုပ်လာလိမ့် မယ် ဆိုပြီး သံသယ ရှိရတဲ့ အတွက် အခုလို စီးနင်းမှု တွေ ပြုလုပ်ခဲ့ရတယ် လို့ မစ္စတာ ဗန်ဒါ ဆိုက် က ဆိုပါတယ်။

ဗယ်ရ်ဗီရေး မြို့ စီးနင်းမှု အတွင်း သေဆုံး သွားသူ ၂ ဦး ဟာ အရင် စတင် ပစ်ခတ်ခဲ့ကြောင်း လည်း မစ္စတာ ဗန်ဒါ ဆိုက် ပြောပါတယ်။ အဲဒီ့ စီးနင်းမှု မှာ အခြား လူတစ်ဦးကို အရှင် ဖမ်းဆီး ရခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ