Capitolအဆောက်အအုံ တိုက်ခိုက်ခံရမှုကို ကြိုတင်တားဆီးနိုင်

  • 15 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption လူထုကို တိုက်ခိုက်မယ့် အန္တရာယ် မကျခင် ကြိုတင် တားဆီးနိုင်ခဲ့

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ ရှိတဲ့ US Capitol အဆောက်အအုံကို တိုက်ခိုက်ဖို့ အကွက်ချ ကြံစည်ခဲ့မှုနဲ့ အိုဟိုင်ယို ပြည်နယ်က လူတဉီးကို FBI ထောက်လှမ်းရေး အဖွဲ့ဝင်တွေက ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပါတယ်။

တရားရုံး အထောက်အထားတွေအရ Christopher Cornell ဆိုသူ အဲဒီလူဟာ ကျည်ဆံအတောင့် ၆၀၀ ဝယ်ဖို့ ကြိုးစားခဲ့ပြီး အိမ်လုပ်ဗုံး ဘယ်လို လုပ်ရသလဲဆိုတာကို လေ့လာခဲ့တယ်လို့ FBI ထောက်လှမ်းရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

သူဟာ Capitol အဆောက်အအုံထဲမှာ ဗုံးခွဲဖို့ နဲ့ အဲဒီမှာ အလုပ်လုပ်နေသူတွေကို သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ အစ္စလာမစ် နိုင်ငံတော် အဖွဲ့နဲ့ အကြမ်းဖက် ဂျီဟာ့ဒ် အဖွဲ့တွေကို ထောက်ခံတယ်လို့လည်း twitterပေါ်မှာ ရေးသားဖေါ်ပြခဲ့တယ်လို့ ဆိုပါတယ်။