သတင်းသမားတွေရဲ့ စျာပနတွေကို ပြုလုပ်နေ

  • 15 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ကာတွန်းဆရာ Tignous ရဲ့ စျာပန

ပဲရစ်မြို့က ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်းရုံးကို ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စလာမ္မစ် အစွန်းရောက်တွေ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ အသက်ဆုံး ခဲ့ရတဲ့ သတင်းသမားတွေရဲ့ စျာပနတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ ပြုလုပ် နေကြပါတယ်။

Tignous လို့ လူသိများတဲ့ ကာတွန်းဆရာ Bernard Verlhac ရဲ့ အလောင်းကို ပဲရစ်မြို့က သုသာန်မှာ မြှုပ်နှံခဲ့ပြီး၊ ကာတွန်းဆရာ နောက်တစ်ဦး ဖြစ်တဲ့ Georges Wolinski ရဲ့ အလောင်းကိုလည်း မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Tignous ရဲ့ စျာပနကို ရောက်လာတဲ့ သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေက မဂ္ဂဇင်း တည်မြဲအောင် ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်းနဲ့ ထိတ်လန့် တုန်လှုပ်မှာ မဟုတ်ကြောင်း ပြောခဲ့ကြပါတယ်။

ပဲရစ်မြို့ တဝိုက်က ၃ ရက်ကြာ တိုက်ခိုက်မှုတွေ အတွင်းမှာ မဂ္ဂဇင်း ဝန်ထမ်း ၈ ဦး အပါအဝင် လူ ၁၇ ဦး သေဆုံး ခဲ့ရပါတယ်။

ရဲအရာရှိ ၃ ဦး၊ ဂျူး စျေးတန်းက လူ ၄ ဦး၊ မဂ္ဂဇင်းကို လာတဲ့ ဧည့်သည် တစ်ဦးနဲ့ အစောင့်တစ်ဦး တို့လည်း သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ စစ်သွေးကြွ ၃ ယောက်ကို ခိုင်းစေခဲ့တယ်လို့ အယ်ကိုင်ဒါ အဖွဲ့က ပြောပါတယ်။

အစောပိုင်းကတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းက ဘာသာရေး အစွန်းရောက်မှုတွေရဲ့ သားကောင် ဖြစ်ရသူတွေဟာ မွတ်ဆလင်တွေသာ ဖြစ်ပြီး ပြင်သစ် နိုင်ငံ အနေနဲ့ ကိုးကွယ်ရာ ဘာသာ အားလုံးကို အကာအကွယ် ပေးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ