"ငါ​သည် ရှာ​လီ" ကြွေးကြော်​သံ ဒီ​ဇိုင်း​ရှင် က မူ​ပိုင်​ခွင့် ရ​လို​ကြောင်း လျှောက်ထား

  • 15 ဇန်နဝါရီ 2015
_je_suis_charlie_ ဓာတ်ပုံ မူပိုင် Getty
Image caption ယေ ဇွိ ရှာလီ’ ကြွေးကြော်သံ အရေးအသား ကို တီထွင် ခဲ့သူဟာ သူ့ရဲ့ ဒီဇိုင်း အတွက် မူပိုင်ခွင့် ရရှိဖို့ လျှောက်ထား လိုက်ပါတယ်။

ပြင်သစ် နိုင်ငံမှာ ရှာလီ အက်ဘ်ဒို မဂ္ဂဇင်း အကြမ်းဖက် ခံခဲ့ရမှု နောက်ပိုင်း ရှာလီ မဂ္ဂဇင်း ကို ထောက်ခံတဲ့ သင်္ကေတ ဖြစ်လာ ခဲ့တဲ့ ‘ငါသည် ရှာလီ’ လို့ အဓိပ္ပာယ် ရတဲ့ "Je suis Charlie" ကြွေးကြော်သံ အရေးအသား ကို တီထွင် ခဲ့သူဟာ သူ့ရဲ့ ဒီဇိုင်း အတွက် မူပိုင်ခွင့် ရရှိဖို့ လျှောက်ထား လိုက်ပါတယ်။

တီထွင်သူ ယိုအာခင်မ် ရိုဆန်း က သူ့ရဲ့ ဒီဇိုင်း ကို စီးပွားရေး အရ အမြတ်ထုတ် အသုံးချမှု တွေကို ကာကွယ် နိုင် ဖို့နဲ့ မူလ သတင်းစကား ကို ပုံမပျက် စေဖို့ အဲဒီ့ ဉာဏ ပစ္စည်းရဲ့ မူပိုင် ခွင့်ကို ရလိုကြောင်း ပြောပါတယ်။

‘ငါသည် ရှာလီ’အရေးအသား ဒီဇိုင်း ဟာ အတိုက်အခိုက် ခံခဲ့ရတဲ့ နေ့မှာပဲ လူမှု ကွန်ယက် စာမျက်နှာ အထက် အလွန် ပျံ့နှံ့ သွားခဲ့ပါတယ်။

အဲဒီ့ အချိန်ကတည်း က စီးပွားရေး အလို့ငှာ အသုံး ချလိုသူတွေ နဲ့ တကယ် မူလ တီထွင်သူ မဟုတ်ပဲ မူပိုင်ခွင့် ရဖို့ ကြိုးစားမှု တွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ