El Capitan ကျောက်တောင်ပေါ် သမိုင်းဝင် တက်ရောက်နိုင်

  • 15 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ကိရိယာ ပစ္စည်း အကူမပါဘဲ နှစ်ပတ်ကျော် ကြာအောင် တက်ခဲ့ကြ

အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ တက်ဖို့ မဖြစ်နိုင် လောက်အောင် မတ်စောက် တယ်လို့ အရင်က ယူဆထားတဲ့ ကျောက်တောင် ပေါ်ကို အမေရိကန် တောင်တက် သမား နှစ်ဦးက တောင်တက် ကိရိယာတွေ မသုံးဘဲ ပထမဆုံး အောင်မြင်စွာ တက်ရောက် နိုင်ခဲ့ပါတယ်။

Kevin Jorgesen နဲ့ Tommy Caldwell ဆိုတဲ့ တောင်တက်သမား နှစ်ဦးဟာ Yosemite အမျိုးသား ဥယျာဉ်ထဲက မီတာ ၉၀၀ အမြင့်ရှိတဲ့ El Capitan ကျောက်တောင် ရဲ့ Dawn Wall လို့ ခေါ်တဲ့ မတ်စောက်တဲ့ လမ်းကြောင်းကနေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ခရစ်စမတ်နေ့ အပြီး နှစ်ရက် အကြာမှာ ကြိုးတွေကို အသုံးပြုပြီး သက်စွန့်ဆံဖျား စတင် တက်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ဖျားတွေမှာ ပြတ်ရှတဲ့ ဒဏ်ရာတွေ ရတာကြောင့် တက်နေရင်း လမ်းခုလတ်မှာ ရက်အနည်းငယ် နားခဲ့ ကြရပါသေးတယ်။