ထိုင်း အကျဉ်းသားတွေအရေး လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို

  • 15 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ထိုင်းဟာ တတိယ အကြီးဆုံး ပင်လယ်စာ တင်ပို့တဲ့ နိုင်ငံဖြစ်

ထိုင်းနိုင်ငံမှာ ထောင်ကျ အကျဉ်းသား တွေကို ငါးဖမ်းလှေ တွေပေါ်မှာ အလုပ်ခိုင်းမယ့် အစီအစဉ်ကို ရပ်တန့်ပေးဖို့ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေး အဖွဲ့အစည်း ၄၀ ကျော် လောက်က တောင်းဆို ခဲ့ကြပါတယ်။

လူ့အခွင့်အရေး စံချိန် နိမ့်ကျတဲ့အတွက် ဝေဖန် ခံနေရတဲ့ ထိုင်းငါးဖမ်းလုပ်ငန်းမှာ အကျဉ်းသားတွေကို အသုံးပြုမယ် ဆိုရင် သူတို့အပေါ် မတရားသဖြင့် ဆက်ဆံတာတွေ ဖြစ်လာလိမ့်မယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ယူဆ နေပါတယ်။

ထိုင်းဟာ ကမ္ဘာ့ တတိယ အကြီးဆုံး ပင်လယ်စာ တင်ပို့တဲ့ နိုင်ငံ ဖြစ်ပြီး ငါးဖမ်း လုပ်ငန်းမှာ အဓမ္မ ခိုင်းစေမှု၊ လူကုန်ကူးမှု၊ လူတွေကို ကျွန်ပြု ခိုင်းစေမှု တွေနဲ့ ပတ်သက်ပြီး စွပ်စွဲ ခံနေရပါတယ်။

ထောင်သားတွေကို ငါးဖမ်းလုပ်ငန်းမှာ ခိုင်းစေဖို့ စမ်းသပ် စီမံကိန်းကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စတင် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ