ဘယ်လ်ဂျီယံ ရဲတွေကို အကြမ်းဖက် အုပ်စုက ပစ်မှတ်ထားခဲ့

  • 16 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ကြသပတေးနေ့ ညက စီးနင်းမှု တစ်ခုမှာ ၂ ဦးကို အသေ ပစ်ခတ် ဖမ်းမိခဲ့

ဘယ်လ်ဂျီယံ နိုင်ငံ အရှေ့ပိုင်းက ဗာဗီရေးမြို့မှာ ကြာသပတေးနေ့ ညက အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုလို့ သံသယ ရှိသူတွေကို ရဲက ဝင်ရောက် စီးနင်းရာမှာ ၂ ယောက်ကို အသေ ဖမ်းဆီးမိခဲ့ပြီး အခြား လူ ၁၃ ယောက်ကိုလည်း ဖမ်းမိ ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်သွေးကြွတွေလို့ သံသယ ရှိတဲ့ အဲဒီ အုပ်စုဟာ ရဲစခန်းတွေကို တိုက်ခိုက်ဖို့နဲ့ လမ်းပေါ်က ရဲတွေကို ပစ်ခတ် သတ်ဖြတ်ဖို့ စီစဉ် ထားကြတယ်လို့ ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒါပေမယ့် အဲဒီ အုပ်စုဝင် အားလုံးကို ဖမ်းဆီး နိုင်ခဲ့တယ်လို့ အတည် မပြု နိုင်ကြောင်းလည်း အစိုးရ ရှေ့နေရုံးရဲ့ ပြောခွင့် ရသူက ဆိုပါတယ်။

အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့အတွက် ဘယ်လ်ဂျီယံ အစိုးရက စီမံချက် အသစ်တွေလည်း ချမှတ် ကြေညာခဲ့ပါတယ်။

ပြင်သစ် နိုင်ငံမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က လူ ၁၇ ဦး သေဆုံး ခဲ့ရတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို ပြင်သစ် ရဲတွေက ဖမ်းဆီး စစ်ဆေး နေပြီး၊ အကြမ်းဖက် သမားတွေကို နှိမ်နင်းဖို့ အတွက် ဘယ်လ်ဂျီယံလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ