ပြင်သစ် တိုက်ခိုက်မှုအတွက် လူ ၁၂ ဦးကို ဖမ်းဆီး

  • 16 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်း အယ်ဒီတာ Stephane Charbonnier ရဲ့ စျာပန

ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ် နိုင်ငံ ပဲရစ်မြို့မှာ လူ ၁၇ ဦး သေဆုံး ခဲ့ရတဲ့ တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို ဖမ်းဆီး လိုက်တယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ဟာ သေနတ်သမားတွေကို လက်နက် ဒါမှ မဟုတ် မော်တော်ယာဉ်တွေ အကူအညီ ပေးခဲ့တယ်လို့ ယူဆရတဲ့ အတွက် စုံစမ်း စစ်ဆေး နေတာလို့ ဆိုပါတယ်။

သေနတ်သမား တစ်ယောက် ကြီးပြင်းခဲ့ရာ ပဲရစ်မြို့ တောင်ဘက် ဆင်ခြေဖုန်း အရပ်မှာလည်း ရဲတွေက ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပဲရစ်မြို့ တဝိုက်က တိုက်ခိုက်မှုတွေဟာ သရော်စာတွေ အပတ်စဉ် ရေးသား ထုတ်ဝေတဲ့ ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်း ရုံးကို ဝင်ရောက် ပစ်ခတ်မှုကနေ စတင်ခဲ့ပြီး အဲဒီမှာ ပထမဆုံး လူ ၁၂ ဦး သေဆုံး ခဲ့ပါတယ်။

အဲဒီနောက် ဒုတိယ ရက်မှာ ရဲမေ တစ်ယောက် ပစ်သတ် ခံရပြီး တတိယ ရက်မှာတော့ ဂျူးစျေးတန်းမှာ ဓားစာခံ အဖြစ် ဖမ်းဆီး ခံရတဲ့ လူ ၄ ဦး ထပ်မံ သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ