ကာတွန်းပုံအတွက် ပါကစ္စတန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်

  • 16 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ရဲတွေက ရေပိုက်တွေနဲ့ ထိုးပြီး လူအုပ်ကို တားဆီးခဲ့

ပါကစ္စတန် နိုင်ငံမှာ ပြင်သစ်က ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်းမှာ တမန်တော် မိုဟာမက် ကာတွန်းပုံ ဖော်ပြခဲ့တာကို ကန့်ကွက် ဆန္ဒပြနေတဲ့ လူအုပ်ကြီးနဲ့ ရဲတွေ တွန်းထိုး တိုက်ခိုက် ခဲ့ကြပါတယ်။

တောင်ပိုင်းက ကရာချိ မြို့မှာ ရှိတဲ့ ပြင်သစ် ကောင်စစ်ဝန် ရုံးကို ချီတက်လာတဲ့ ရာချီတဲ့ လူအုပ်ကြီးကို ရဲတွေက ရေပိုက်တွေ၊ မျက်ရည်ယို ဗုံးတွေ သုံးပြီး တားဆီး ခဲ့ပါတယ်။

ဆန္ဒပြသူ တချို့ဆီမှာ သေနတ်တွေ ပါလာတယ် လို့လည်း သတင်းတွေက ဆိုပါပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် လူ ၃ ဦးလည်း ဒဏ်ရာ ရသွားပါတယ်။

ပါကစ္စတန်က တခြား မြို့တွေမှာလည်း သောကြာနေ့ ဝတ်ပြု ဆုတောင်းပွဲတွေ အပြီး ထွက်လာတဲ့ လူအုပ်ကြီးက ပြင်သစ် မဂ္ဂဇင်းမှာ တမန်တော် ကာတွန်းတွေ ဖော်ပြခဲ့တာကို ဆန္ဒပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ