ဖိလစ်ပိုင်မှာ အကျင့်ပျက်မှု ပပျောက်ဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း

  • 16 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ ကြိုဆိုပွဲကို ပုပ်ရဟန်းမင်း တက်ရောက်စဉ်။

ဖိလစ်ပိုင် နိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြည်တွင်းမှာ ဆင်းရဲ နွမ်းပါးမှုတွေ ပပျောက်ဖို့နဲ့ အကျင့်ပျက် လာဘ်စားမှုတွေကို တိုက်ဖျက်ဖို့ နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ ပိုမို ရိုးသားပြီး သိက္ခာ ရှိရှိနေကြဖို့ တိုက်တွန်း လိုက်ပါတယ်။

သမ္မတ ဘန်နစ်နို အကွီနိုရဲ့ သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ ကြိုဆိုပွဲမှာ ပုပ်ရဟန်းမင်းကြီးက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပမယ့် သမ္မတ အကွီနို ကတော့ သူ့အရင် သမ္မတ လက်ထက်က အကျင့်ပျက်မှု တွေကိုတော့ ရိုမန် ကက်သလစ် အသင်းတော် အနေနဲ့ ဘာမှမပြောဘဲ တိတ်တဆိတ် နေခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးနဲ့ အတူ ယှဉ်ထိုင်နေရင်း တုန့်ပြန် ဝေဖန်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ် ဘာသာဝင် အများစု ရှိတဲ့ ဖိလစ်ပိုင် နိုင်ငံကို မနေ့တုန်းက ရောက်လာတာ ဖြစ်ပါတယ်။

မြို့တော် မနီလာမှာ သိန်းနဲ့ချီတဲ့ လူတွေ လမ်းတွေပေါ် ထွက်လာပြီး ပုပ်ရဟန်းမင်းကြီးကို စီတန်း ကြိုဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ