ဘယ်လ်ဂျီယမ် လမ်းတွေမှာ စစ်တပ်တွေ ချ

  • 17 ဇန်နဝါရီ 2015
belgium
Image caption Verviers မြို့မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့

ဘယ်လ်ဂျီယမ် ရဲတွေကို တိုက်ခိုက်ဖို့ အစ္စလာမ္မစ် ဝါဒီ တွေရဲ့ အန္တရာယ်တွေ ရှိနေလို့ ဆိုပြီး နိုင်ငံ လမ်းတွေ ပေါ်မှာ စစ်တပ်တွေ ပိုချ ထား လိုက်ပါတယ်။

အကြမ်းဖက်လို့ မသင်္ကာမှု နဲ့ ဖမ်းထားတဲ့ ၁၃ ယောက် ကို လည်း စစ်ဆေး မေးမြန်း နေ ပါတယ်။

ကြာသပတေး နေ့ည က ဘယ်လ်ဂျီယမ် အရှေ့ပိုင်း Verviers မြို့မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှု တွေ အတွက် လည်း လူ ၅ ယောက် ကို အကြမ်းဖက် ပုဒ်မတွေနဲ့ စွဲဆို လိုက်ပါတယ်။

ဒီပစ်ခတ်မှု တွေ အတွင်း စစ်သွေးကြွ လို့ မသင်္ကာသူ ၂ ယောက် သေဆုံး ခဲ့ပါတယ်။

သံရုံး တချို့ နဲ့ အန့်တဝပ် မြို့က ဂျူး ရပ်ကွက် မှာ စစ်သား အစောင့်အရှောက်တွေ ချထား ကြောင်း ဘယ်လ်ဂျီယမ် ကာကွယ်ရေး ဝန်ကြီး Steven Vandeput က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ