တရုတ် ခေါင်းဆောင် ကျောက်ကျိယန် ကို ဂါရဝပြု

  • 17 ဇန်နဝါရီ 2015
 Zhao Ziyang ဓာတ်ပုံ မူပိုင်
Image caption ရဲစောင့်ကြည့်နေတဲ့ကြားက လာရောက် စုဝေးခဲ့ကြ

တရုတ် နိုင်ငံ ဘေဂျင်း မြို့တော် တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲ တွေ ကို ဖြိုခွဲ တုန်းက ဆန့်ကျင် ကန့်ကွက် ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက် သေဆုံးမှု ဆယ်နှစ် ပြည့် အထိမ်း အမှတ် လူ တရာ ကျော် စုဝေး ခဲ့ကြ ပါတယ်။

ရဲ အစောင့်အကြပ် တွေ ချထားတဲ့ ကြားက ကွယ်လွန်သူ မစ္စတာ ကျောက်ကျိယန် ရဲ့ နေအိမ်မှာလာပြီး စုဝေး ခဲ့ကြ တာပါ။

ကျောက်ကျိယန် ကို ၁၉၈၉ ဆန္ဒပြပွဲ တွေ နောက်ပိုင်း တရုတ် အစိုးရ က ဖမ်းဆီးခဲ့ပြီး ကွယ်လွန် ချိန်ထိ နေအိမ် အကျယ်ချုပ် ထားရှိ ခဲ့ပါတယ်။

၂ဝဝ၅ ခုနှစ် မှာ ကျောက်ကျိယန် ကွယ်လွန်စဉ်က သာမန် အဆင့်နိမ့် အရာရှိ တယောက် အနေနဲ့ပဲ တရုတ် အစိုးရက သင်္ဂြိုဟ် ခဲ့ပါတယ်။

အများ ပြည်သူ မြင်ကွင်း မှာလည်း မစ္စတာ ကျောက်ကျိယန်နဲ့ ပတ်သက်တဲ့ အမှတ်အသား ဘာမှ မကျန်အောင် ထားဖို့ တရုတ် အာဏာပိုင် တွေက ထိန်းချုပ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ