အကြမ်း​ဖက်​သမား လို့ သံသယ ရှိ​သူ ၄ ဦး ကို ဂ​ရိ​ရဲ​တွေ ဖမ်းဆီး

  • 17 ဇန်နဝါရီ 2015
_loukanikos ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက် သမား အဖြစ် သံသယ ရှိသူ ၄ ဦး ကို ဂရိ ရဲ တွေက ဖမ်းဆီး

ဂရိနိုင်ငံက လာတဲ့ သတင်းတွေ အရ အကြမ်းဖက် သမား အဖြစ် သံသယ ရှိသူ ၄ ဦး ကို ဂရိ ရဲ တွေက ဖမ်းဆီး လိုက်ပြီး အဲဒီ့ထဲက တစ်ဦးဟာ ဘယ်လ်ဂျီယမ် အာဏာပိုင် တွေ အလိုရှိနေသူ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။

ဘယ်လ်ဂျီယမ် နိုင်ငံ အတွင်း ကြိုတင် တားဆီး နိုင်ခဲ့တဲ့ ဂျီဟဒ်ဝါဒီ အုပ်စု ကို အဓိက ကြိုး ကိုင်သူ မော်ရိုကို မျိုးနွယ်ဖွား အက်ဘ်ဒီလ် ဟာမိဒ် အာ့ဘုဒ် ဆိုသူဟာ ဂရိ နိုင်ငံထဲ အဖမ်းခံလိုက် ရတဲ့ ၄ ဦး ထဲ ပါမပါ ကို ဂရိရဲ တွေက စမ်းစစ်လျှက် ရှိပါတယ်။

အခု ဖမ်းဆီး ရရှိထားသူ တွေရဲ့ ဓာတ်ပုံတွေ၊ လက်ဗွေရာ တွေ၊ ဒီအဲန်အေ နမူနာ တွေကို၊ ဘယ်လ်ဂျီယမ် ကို ပေးပို့ ထားပါတယ်။

ဘယ်လ်ဂျီယမ် နိုင်ငံထဲ မှာတော့ ရဲတွေကို တိုက်ခိုက်ဖို့ အစ္စလာမ္မစ် ဝါဒီ တွေရဲ့ အန္တရာယ် တွေ ရှိနေလို့ ဆိုပြီး လမ်းတွေ ပေါ်မှာ စစ်တပ်တွေ ချထား နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ