အာဖရိကမှာ ပြင်သစ် ကာတွန်းကြောင့် ဆန္ဒပြ

  • 17 ဇန်နဝါရီ 2015
niger ဓာတ်ပုံ မူပိုင်
Image caption လူသေတဲ့ အထိ အဓိကရုဏ်းတွေ ဖြစ်ပွား

Charlie Hebdo ပြင်သစ် မဂ္ဂဇင်း က တမန်တော် မိုဟာမက်ကို လှောင်ပြောင်တဲ့ ကာတွန်းတွေကို ထည့်သွင်းလို့ အာဖရိက တိုက် Niger နိုင်ငံ မှာ ဒုတိယ မြောက်နေ့ ဆက်လက် ဆန္ဒပြ နေကြပါတယ်။

နီယာမေ မြို့တော် မှာ ခရစ်ယာန် ဘုရားကျောင်း ၃ ကျောင်း မီးတင်ရှို့ ခံရပြီး အဓိကရ ကက်သီဒရယ် ဘုရားကျောင်းကြီး ကို ခဲနဲ့ ပစ်ပေါက် နေတဲ့ လူအုပ် ရန်ကနေ ရဲက ကာကွယ် ပေးနေရတယ်လို့ သိရပါတယ်။

မြို့တော်ရဲ့ အဓိက ဗလီကြီးမှာ လူ တထောင် ကျော် စုဝေး နေတာကို ရဲက မျက်ရည်ယို ဗုံးနဲ့ ဖြို ခွဲ ခဲ့ရပါတယ်။

သောကြာနေ့က ဇင်ဒါ မြို့ ဆန္ဒပြ ပွဲ အဓိကရုဏ်းတွေမှာတော့ လူ ၄ ယောက် သေဆုံးပြီး ၄၅ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒိ ဇင်ဒါ မြို့က ပြင်သစ် ယဉ်ကျေးမှု ဌာနကို မီးရှို့ ဖျက်ဆီးပြီး ခရစ်ယာန် ဘုရားကျောင်း ၃ ကျောင်းကို ဆန္ဒပြသူတွေက လုယက် ဖျက်ဆီး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ