ကင်​မ​ရွမ်း ကျေးရွာ​တွေ​ကို ဘို​ကို​ဟာ​ရမ်​တွေ တိုက်​ခို​က်

  • 18 ဇန်နဝါရီ 2015
_boko_haram ဓာတ်ပုံ မူပိုင် AFP
Image caption ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာ ရှက်ကောင်း က ကင်မရွမ်း သမ္မတ ပေါ်လ် ဘီယာ အပေါ် ခြိမ်းခြောက် ပြောဆို ထားတဲ့ ဗီဒီယို ထွက်ပေါ် ခဲ့ပါတယ်။

နိုင်ဂျီးရီးယား က လာတဲ့ ဘိုကိုဟာရမ် စစ်သွေးကြွ တွေ လို့ ယူဆ ရသူ တွေဟာ ကင်မရွမ်း နိုင်ငံ ဘက်ခြမ်း က ကလေးသူငယ် အများစု ပါဝင်တဲ့ အနည်းဆုံး လူ ၃၀ ကျော် ကို ဖမ်းဆီး ခေါ် ဆောင် သွားကြ ပါတယ်။

နိုင်ဂျီးရီးယား နဲ့ နယ်စပ် အနီး ကင်မရွမ်း မြောက်ဘက်စွန်း မိုကိုလို နယ်ထဲ က ရွာ ၂ ရွာကို တနင်္ဂနွေ နေ့ လင်းအားကြီး အချိန် မှာ လက်နက်ကိုင် တွေ တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ ကင်မရွမ်း ပြန်ကြားရေး ဝန်ကြီး က ပြောပါတယ်။

အဲဒီ့ တိုက်ခိုက်မှုတွေ ကြောင့် လူ ၃ ဦး သေဆုံးပြီး လူ ၃၀ ကနေ ၅၀ အကြား ဖမ်းဆီး ခေါ်ဆောင် ခံခဲ့ရတဲ့ အပြင် အိမ်ခြေ ၈၀ လောက် ပြာကျ ခဲ့ရတယ် လို့ လည်း ဆိုပါတယ်။

ဒီလ အစောပိုင်း က ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာ ရှက်ကောင်း က ကင်မရွမ်း သမ္မတ ပေါ်လ် ဘီယာ အပေါ် ခြိမ်းခြောက် ပြောဆို ထားတာတွေ ကို ဖော်ပြ နေတဲ့ ဗီဒီယို ထွက်ပေါ် ခဲ့ပါတယ်။

အဲဒီ အစ္စလာမ်မစ် လက်နက်ကိုင် တွေ ကို ချေမှုန်းဖို့ ဒေသ တွင်း နိုင်ငံတွေ ရဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ကတော့ အရှိန် ရလာ နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ