အစ္စရေး​ရဲ့ တိုက်ခိုက်​မှု​ကြောင့် ဟက်ဇ်​ဘို​လာ ထိပ်​တန်း ခေါင်းဆောင် သေ​ဆုံး

  • 18 ဇန်နဝါရီ 2015
lebanon_hezbollah ဓာတ်ပုံ မူပိုင် AFP
Image caption ဟက်ဇ်ဘိုလာ တွေဟာ လက်ဘနွန် အခြေစိုက် ရှီအာ မွတ်ဆလင်မ် အုပ်စု ဖြစ်ပါတယ်။

ဆီးရီးယား ပိုင် ဂိုလန် ကုန်းမြင့် အပိုင်း ထဲမှာ လုပ်ခဲ့တဲ့ အစ္စရေး ရဲ့ လေကြောင်း တိုက်ခိုက်မှု ကြောင့် ဟက်ဇ်ဘိုလာ ထိပ်တန်း ခေါင်းဆောင် တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး သွားတယ် လို့ လက်ဘနွန် နိုင်ငံ အခြေစိုက် ရှီအာ မွတ်ဆလင်မ် အုပ်စု ဖြစ်တဲ့ အဲဒီ့ ဟက်ဇ်ဘိုလာ အဖွဲ့က ပြောပါ တယ်။

ကွင်နေးထရား နယ်ထဲက ယာဉ်တန်း ကို အစ္စရေး ရဟတ်ယာဉ် ကနေ ဒုံးကျည်နဲ့ တိုက်ခိုက် ခဲ့တဲ့ အတွက် ယခင် ဟက်ဇ်ဘိုလာ ခေါင်းဆောင် ရဲ့ သား ဖြစ်သူ ဂျီဟတ်ဒ် မော့ဂနီးယား အပါအဝင် အခုလို သူတို့ တပ်ဖွဲ့ဝင် တွေ သေဆုံး ခဲ့ရတာ ဖြစ်ကြောင်း ဟက်ဇ်ဘိုလာ အဖွဲ့က ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက်မှု အတွင်း အီရန် စစ်အရာရှိ တစ်ဦးလည်း သေဆုံး သွားတယ် ဆိုပြီး သတင်း တွေ ထွက်ပေါ် လာပေမယ့် အစ္စရေး ဘက်ကတော့ ဘာမှ အတည်ပြု မပြောသေး ပါဘူး။

ဆီးရီးယား ထဲမှာ အစ္စရေးက လေကြောင်း တိုက်ခိုက်မှု တွေ အကြိမ်ကြိမ် ကျူးလွန် နေတဲ့ အတွက် လက်တုန့်ပြန် မယ် ဆိုပြီး ဟက်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာဆရားလား က သတိပေး ခဲ့ပြီး ရက် အတန်ကြာ မှာ အခုလို ဟက်ဇ်ဘိုလာ ယာဉ်တန်း အတိုက် အခိုက် ခံလိုက် ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ