ဆိုနီ တိုက်ခိုက်မှု အမေရိကန် ကြိုသိတယ် ဆို

  • 19 ဇန်နဝါရီ 2015
north korea ဓာတ်ပုံ မူပိုင် AP
Image caption ဒီလတွေထဲ မြောက်ကိုရီးယား အင်တာနက် ပြုတ်ကျ

အမေရိကန် က မြောက်ကိုရီးယား အင်တာနက် ကွန်ယက်ကို ၂ဝ၁ဝ ပြည့်နှစ် ထဲ က ထိုးဖောက် ထားတာ ဖြစ်လို့ ဆိုနီ ကုမ္ပဏီ တိုက်ခိုက်မှု နောက်မှာ မြောက် ကိုရီးယား လက်ချက် ပါကြောင်း သိရှိပြီး ဖြစ်တယ် လို့ အမေရိကန် အာဏာပိုင် တွေက ပြောကြား ကြောင်း သတင်း မီဒီယာ တွေမှာ ဖော်ပြ ခဲ့ပါတယ်။

အရေးကြီးတဲ့ အထောက်အထား တွေ ဆိုနီ ကုမ္ပဏီမှာ ပျောက် မသွားခင် လ တွေ အလို ကတည်း က အမေရိကန် ထောက်လှမ်းရေး ကို လျှို့ဝှက် ကွန်ပျူတာ ဆော့ဖ်ဝဲ နည်းပညာနဲ့ သတိပေး ခဲ့ကြောင်း ပေါက်ကြား လာတဲ့ စာရွက်စာတမ်း တွေ အရ သိရတယ်လို့ New York Times နဲ့ Der Spiegel ဂျာမန် သတင်းစာ ကြီးက ရေးသား ထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကို လုပ်ကြံ တယ် ဆိုတဲ့ ဟာသကား ထွက်မယ် လို့ ဆိုနီ ကုမ္ပဏီက ကြေညာ ပြီးနောက် ဆိုနီ ရဲ့ ကွန်ပျူတာ စနစ် ကို ခြေရာ ကောက် ဖို့ မြောက်ကိုရီးယား က ၂ လ လောက် အချိန်ယူ ခဲ့တယ် လို့ လည်း ဆိုပါတယ်။

ဒီ အင်တာနက် ဖောက်ထွင်းမှု နဲ့ မသက်ဆိုင် ကြောင်း မြောက်ကိုရီးယား ဘက်က ထပ်တလဲ လဲ ငြင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ