အိန္ဒိယ ကျားကောင်ရေ ၃၀ ရာနှုန်း တိုးပွားလာ

  • 20 ဇန်နဝါရီ 2015
Image caption ကျားပေါက်တွေကို နိုင်ငံတကာကို လှူဒါန်းဖို့ အိန္ဒိယက ဆန္ဒရှိတယ်လို့ ဆို

အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ ၄ နှစ် အတွင်း ကျားကောင်ရေ ၃၀ ရာနှုန်း တိုးပွား လာခဲ့တယ်လို့ အိန္ဒိယ သဘာဝ ဝန်းကျင် ဝန်ကြီးက ပြောပါတယ်။

နောက်ဆုံးအကြိမ် ကျားကောင်ရေ စာရင်းကောက်တဲ့ ကိန်းဂဏန်းတွေ အရ ၂၀၁၁ ခုနှစ်မှာ ၁၇၀၆ ကောင် ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ၂၂၂၆ ကောင် အထိ တိုးပွား လာတယ်လို့ ဝန်ကြီး Prakash Javadekar က ပြောပါတယ်။

ဒီလို ကျားကောင်ရေ တိုးပွား လာတာဟာ အိန္ဒိယ အစိုးရရဲ့ ထိရောက်တဲ့ ကျား ထိန်းသိမ်းရေး အစီအစဉ်ကြောင့် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ကမ္ဘာ့ ကျားကောင်ရေ စုစုပေါင်းရဲ့ ၇၀ ရာနှုန်းဟာ အိန္ဒိယ နိုင်ငံမှာ ကျက်စား နေထိုင် ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ