အိုဘားမားရဲ့ နှစ်လည် နိုင်ငံ အခြေပြ မိန့်ခွန်း

  • 21 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ အိုဘားမား နှစ်လည် နိုင်ငံ အခြေပြ မိန့်ခွန်း ပြောစဉ်

အမေရိကန် သမ္မတ အိုဘားမားက သူ့ရဲ့ နှစ်လည် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ အမေရိကန်ရဲ့ ဘဏ္ဍာရေး အကျပ်အတည်း ကာလ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ပြောဆို ကြေညာခဲ့ပြီး၊ စီးပွားရေး မူဝါဒတွေက အမေရိကန် ပြည်သူ အားလုံးအတွက် အကျိုးရှိစေရမယ်လို့ ကတိပေး ပြောကြားခဲ့ပါတယ်။

အခွန်ကောက်ခံတဲ့ စနစ်မှာ လွတ်ပေါက်တွေ ရှိနေလို့ လူတချို့နဲ့ ကုမ္ပဏီကြီး တချို့ အခွန် တိမ်းရှောင်ခွင့် ရနေတာကိုလည်း ပြောင်းလဲ ကိုင်တွယ်ဖို့ အိုဘားမားက တိုက်တွန်း လိုက်ပါတယ်။

ဒါ့ပြင် ကျန်းမာရေး၊ ဘဏ္ဍာရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ကဏ္ဍတွေမှာ အုပ်ချုပ်ရေး ပိုင်းကို ခြိမ်းခြောက်နေတဲ့ ဥပဒေကြမ်းတွေကို ပယ်ဖျက် သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

နိုင်ငံခြားရေး မူဝါဒ ပိုင်းမှာတော့ IS အစ္စလမ်မစ် နိုင်ငံအဖွဲ့ အပေါ် အင်အားသုံး တိုက်ခိုက်ခွင့် အတွက် လွှတ်တော်က ဆုံးဖြတ် ပေးဖို့နဲ့ ကျူးဘား နိုင်ငံနဲ့ ကုန်သွယ်ရေးတွေ ပြန်စဖို့လည်း လွှတ်တော်ကို တိုက်တွန်း လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ