အီဘိုလာ ကူးစက်နှုန်း ကျဆင်းမှု အလှည့်အပြောင်းဖြစ်

  • 22 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာကြောင့် လူပေါင်း ၈၆၀၀ ကျော် သေဆုံးပြီးဖြစ်

အီဘိုလာ ရောဂါ ကူးစက် ပြန့်ပွားနေတဲ့ နိုင်ငံ ၃ နိုင်ငံမှာ အလှည့်အပြောင်း အနေနဲ့ အခုအခါ ရောဂါ ဖြစ်ပွားမှုနှုန်း သိသိသာသာ လျော့နည်း လာပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက တစ်ပတ်ကို ရောဂါ ဖြစ်ပွားသူပေါင်း ၅၀၀ ရှိခဲ့တဲ့ လိုင်ဘေးရီးယား နိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ် ကတော့ ရောဂါ ဖြစ်ပွားသူ ၈ ဦးသာ ရှိတော့တယ်လို့ ဆိုပါတယ်။

ဂီနီနဲ့ ဆီယာရာ လီယွန်း နိုင်ငံတွေမှာလည်း အလားတူ ကူးစက်နှုန်း ကျဆင်းလာတယ်လို့ ဆိုပြီး ဒီကိန်းဂဏန်းတွေဟာ အားတက်ဖွယ် ဖြစ်တယ်လို့ WHO က ပြောပါတယ်။

ဒါပေမယ့် ရောဂါ ကာကွယ်ရေး အတွက် သတိရှိဖို့ WHO က ဆက်လက် တိုက်တွန်းထားပြီး ရောဂါရှင်တွေနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေ ဖော်ထုတ်ဖို့ လိုအပ်နေသေးတယ် လို့လည်း WHO က ဆိုပါတယ်။

ခုတစ်ကြိမ် အီဘိုလာ ပြန့်ပွားမှုဟာ လူ့သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ပြီး ခုချိန်ထိ ၂၁၇၂၄ ဦး ရောဂါ ကူးစက် ခံခဲ့ရကာ လူပေါင်း ၈၆၄၁ ဦး သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ