ဥရောပဇုန်အတွက် ငွေကြေး လွယ်ကူစေမယ့် အစီအစဉ် ကြေညာ

  • 22 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပ ဗဟိုဘဏ် ဥက္ကဋ္ဌ Mario Draghi သတင်းစာ ရှင်းလင်းစဉ်

ယူရိုငွေကြေး သုံးစွဲတဲ့ နိုင်ငံတွေမှာ စီးပွားရေး တုံ့နှေး နေတာကို ပြန်လည် ဦးမော့ လာစေဖို့ ရည်ရွယ်ချက်နဲ့ ဥရောပ ဗဟိုဘဏ်က ယူရို ဘီလျံ ရာပေါင်း များစွာ တန်ဖိုးရှိတဲ့ အစိုးရ ငွေချေး စာချုပ်တွေ ဝယ်ယူမယ့် အစီအစဉ် တစ်ရပ်ကို ကြေညာ လိုက်ပါတယ်။

ဒီ အစီအစဉ် အရ တစ်လကို ယူရို ဘီလျံ ၆၀ တန်ကြေး ရှိတဲ့ အစိုးရ ငွေချေးစာချုပ် တွေကို လာမယ့် မတ်လ ကနေ စတင်ပြီး ၂၀၁၆ စက်တင်ဘာ အထိ ဥရောပ ဗဟိုဘဏ်က လစဉ် ဝယ်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ငွေကြေး ကျုံ့ဝင်မှုနဲ့ ကုန်စျေးနှုန်း ကျဆင်း နေမှုတွေကို အခုလို ဥရောပ ဗဟိုဘဏ်ရဲ့ ကြားဝင် ဆောင်ရွက်မှုက ကျားကန် ပေးနိုင်မယ်လို့ ဥရောပ ငွေကြေး အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။

ဒီလို အလားတူ အစီအစဉ်မျိုးကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဂျပန် တို့မှာလည်း အသုံးပြုခဲ့ဖူးပြီး ရည်ရွယ်ချက်ကတော့ လူတွေ ငွေပိုချေးနိုင်၊ ပို သုံးစွဲနိုင် လာကြပြီး စီးပွားရေးအပေါ် ယုံကြည်မှုတွေ ပိုတက်လာအောင် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ