ဂ​ရိ ရွေး​ကောက်​ပွဲ အတွက် နောက်ဆုံး မဲ​ဆွယ်​နေ့ ကုန်ဆုံး

  • 23 ဇန်နဝါရီ 2015
_greece_elections ဓာတ်ပုံ မူပိုင် EPA
Image caption ရွေးကောက်ပွဲ မတိုင်ခင် လူထု သဘော စစ်တမ်းတွေ မှာတော့ လက်ရှိ ကွန်ဆားဗတစ်ဗ် ခေါင်းဆောင် မစ္စတာ ဆမ်မားရပ်စ် ဟာ လက်ဝဲပါတီ ဆစ်ရာဇီ ရဲ့ ခေါင်းဆောင် အလက်ဆီ ဆီးပရက်စ် နောက် ရောက်နေပါတယ်။

ဂရိ နိုင်ငံမှာ လာမယ့် တနင်္ဂနွေ နေ့ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးပါတီ ခေါင်းဆောင် တွေ ရဲ့ နောက်ဆုံး မဲဆွယ် စည်းရုံး ရတဲ့ နေ့ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ပါတီ အသီးသီး ရဲ့ အခြေအတင် ပြောဆိုမှု တွေမှာ လက်ရှိ အာဏာရ ဗဟို လက်ျာ ပါတီ ရဲ့ ဆောင်ရွက်ခဲ့မှု နောက်ကြောင်း တွေနဲ့ အတိုက်အခံ လက်ဝဲပါတီ ဆီရစ်ဇာ ရဲ့ နိုင်ငံတကာ က ပေးထားတဲ့ ဘဏ္ဍာရေး ကူညီမှု တွေကို ပြန်လည် စိစစ် ညှိနှိုင်း မယ် ဆိုတဲ့ ပြောဆိုချက် တွေက လွှမ်းမိုးထား ပါတယ်။

အဆိုပါ နိုင်ငံတကာ ရဲ့ ဘဏ္ဍာရေး ကူညီမှု အစီအစဉ် အရ ပြန်လည် ဆောင်ရွက် ပေးနေရ တဲ့ အစိုးရ အသုံးစားရိတ် လျှော့ချမှု မူဝါဒ ဟာ ဂရိ ပြည်သူတွေ အပေါ် ရိုက်ခတ် နေပါတယ်။

လက်ဝဲပါတီ ဆီရစ်ဇာ ရဲ့ ခေါင်းဆောင် အလက်ဆီ ဆီးပရက်စ် ကတော့ သူတို့သာ အနိုင် ရခဲ့ရင် နိုင်ငံတကာ ဘဏ္ဍာရေး ကူညီမှု ရဲ့ လက်ရှိ သဘောတူ ထားတဲ့ သက်တမ်း အကုန်မှာ၊ နိုင်ငံခြား ကြွေးမြီတွေ ရဲ့ ထက်ဝက်ကို ပယ်ဖျက် ပေးမယ် ဆိုပြီး ထပ်မံ ကတိပေး ပြောကြား ခဲ့ပါတယ်။

ဂရိနိုင်ငံ ဝန်ကြီးချူပ် အန်တိုးနစ် ဆမ်မားရပ်စ် ဟာ လာမယ့် တနင်္ဂနွေ နေ့ ရွေးကောက်ပွဲ မတိုင်ခင် ပေးတဲ့ နောက်ဆုံး မဲဆွယ် မိန့်ခွန်း ထဲမှာ ဂရိ ပြည်ကြီး ရပ်တည် နေနိုင်ဖို့ သူ့အနေနဲ့ နေ့ရောညပါ အလုပ် လုပ်ခဲ့တာ ဖြစ်တဲ့ အတွက် ဂရိပြည် ဆိုတာ အခုလို ယုံကြည် ကိုးစားဖွယ် ကောင်းတဲ့ နိုင်ငံ အဖြစ် ပြန်လည် ရပ်တည် လာနိုင်တာ ဖြစ်တယ် ဆိုပြီး ပြောခဲ့ပါတယ်။

ဝန်ကြီးချူပ် ဆမ်မားရပ်စ် ကတော့ တကယ်လို့ လက်ဝဲပါတီ ဆစ်ရာဇီ သာ အနိုင် ရခဲ့ရင် ဂရိ နိုင်ငံဟာ ယူရို ငွေကြေး စျေးကွက် က နေ ထွက်သွားရ နိုင်တယ် ဆိုပြီး သတိပေး ခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် လူထု သဘော စစ်တမ်းတွေ မှာတော့ လက်ရှိ ကွန်ဆားဗတစ်ဗ် ခေါင်းဆောင် မစ္စတာ ဆမ်မားရပ်စ် ဟာ လက်ဝဲပါတီ ဆစ်ရာဇီ ရဲ့ ခေါင်းဆောင် အလက်ဆီ ဆီးပရက်စ် နောက် ရောက်နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ