မူဝါဒ မပြောင်းလဲဟု ဆော်ဒီ ဘုရင်သစ် ကတိပေး

  • 23 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဆော်ဒီ ဘုရင်သစ် ပထမဆုံး ရုပ်သံ မိန့်ခွန်း ပြောစဉ်။

ဆော်ဒီ အာရေဗျ နိုင်ငံမှာ အသစ် နန်းတက်လာတဲ့ ဘုရင် Salman က မနေ့က ကွယ်လွန်သွားတဲ့ ဘုရင်ဟောင်း Abdullah bin Abdulaziz ရဲ့ မူဝါဒတွေ အတိုင်း ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဘုရင်သစ် အနေနဲ့ ဝန်ကြီးဌာန ရာထူးတွေ အတွက် ဒီအတိုင်း ဆက်ထားမယ့် အထဲမှာ နိုင်ငံခြားရေး၊ ရေနံနဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေလည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အရေးကြီးတဲ့ အပြောင်းအလဲ တစ်ခုကတော့ လက်ရှိ ပြည်ထဲရေး ဝန်ကြီး မင်းသား Mohammed bin Nayef ကို ဒုတိယ အိမ်ရှေ့စံ အဖြစ် ပေးအပ်လိုက်တာကြောင့် ဆော်ဒီ တော်ဝင် မျိုးဆက်ထဲမှာ တတိယ မျိုးဆက်ကနေ ပထမဆုံး ရရှိတဲ့ အိမ်ရှေ့စံ ဖြစ်ပါတယ်။

ဘုရင်ဟောင်း Abdullah ဟာ အဆုတ် ရောဂါနဲ့ ဆေးရုံတက် ကုသ ခံနေစဉ် မနေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ