ယင်လတ်ကို နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင်

  • 23 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption စစ်အစိုးရက ဖွဲ့စည်းထားတဲ့ ထိုင်း ဥပဒေပြု လွှတ်တော်

ထိုင်း နိုင်ငံမှာ အငြင်းပွားနေတဲ့ စပါး စီမံကိန်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင်ဖို့ စစ်အစိုးရက ခန့်အပ်ထားတဲ့ ပါလီမန်က ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် မစ္စ ယင်လတ်ကို ရာဇဝတ်မှုနဲ့ပါ စွဲချက်တင်ဖို့ ပြင်ဆင် နေပြီး အမှု ထင်ရှားခဲ့ရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖို့ ရှိနေပါတယ်။

အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ မလုပ်ရအောင် စစ်သားတွေကနေ မစ္စ ယင်လတ်ကို တားဆီးခဲ့ပါတယ်။ နောက်ပိုင်းမှာ မစ္စ ယင်လပ်က သူ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ သေဆုံးသွားခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက် ကတော့ မစ္စ ယင်လတ်တို့ မိသားစုဝင်တွေ ထိုင်းနိုင်ငံရေးမှာ ပါဝင်ခွင့် မရအောင် စစ်တပ် အာဏာပိုင်တွေက ကြိုးပမ်း နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ