အပစ်ရပ်ရေး ညှိနှိုင်းဖို့ ယူကရိန်း သူပုန်တွေ အလိုမရှိ

  • 23 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒွန်းညက်စ်မြို့က ခွဲထွက်ရေး သူပုန်အချို့

ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေ အနေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အသင့် ဖြစ်နေပြီး ယူကရိန်း အစိုးရနဲ့ အပစ်ရပ်ရေး ထပ်မံ ညှိနှိုင်းဖို့ ဆန္ဒ မရှိကြောင်း အဓိက သူပုန် ခေါင်းဆောင် Alexander Zakharchenko က ပြောလိုက်ပါတယ်။

ဒွန်းညက်စ်မြို့ကို ထိန်းချုပ် ထားတဲ့ သူ့ရဲ့ သူပုန်တပ်တွေက သူတို့ရဲ့ ရှေ့တန်း စည်းကို ဒွန်းညက်စ် ဒေသ နယ်မြေ အဆုံးအထိ ရောက်အောင် တိုးချဲ့ တိုက်ခိုက် သွားဖို့ ရှိတယ်လို့ သူပုန် ခေါင်းဆောင်က ပြောပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကတော့ ဒွန်းညက်စ် မြို့ထဲက လူနေရပ်ကွက်တွေကို ယူကရိန်း အစိုးရက ဗုံးကြဲနေတယ် ဆိုပြီး စွပ်စွဲထားပါတယ်။

သူပုန်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်း အစိုးရ တပ်တွေဟာ ကြာသပတေး နေ့က ဒွန်းညက်စ်မြို့ လေဆိပ် အဓိက ဂိတ်ကနေ ဆုတ်ခွာ ပေးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ