အင်ဒိုနီးရှား လေယာဉ်ပျက် ဆယ်ရေး ကြိုးစား

  • 24 ဇန်နဝါရီ 2015
air asia ဓာတ်ပုံ မူပိုင် AP
Image caption ဆယ်ယူ မရသေးတဲ့ လေယာဉ် ကိုယ်ထည် ပိုင်း

အရင်လက ပျက်ကျတဲ့ အင်ဒိုနီးရှား လေယာဉ်ပျက် ကိုယ်ထည်ပိုင်း ဆယ်ယူဖို့ ကြိုးစား ခဲ့ရာမှာ မအောင်မမြင် ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

လေယာဉ် ကိုယ်ထည်ပိုင်းကို ရေပေါ် ပေါ်လာ အောင် ဗော့တွေနဲ့ ချိတ်ဆက် ခဲ့ကြ ပေမယ့် အပေါ် ရောက်ခါနီးမှာ ကြိုးတွေ ပြတ်ကျ ပြီး ရေအောက် ကြမ်းပြင် ထိ ပြန်နစ်မြုပ် သွားခဲ့ပါတယ်။

ရေစီးသန် လွန်း နေ တာရယ်၊ ရာသီဥတု ဆိုးလွန်း နေတာရယ် ကြောင့် ဆယ်တင်ဖို့ အခက်အခဲတွေ ရှိနေ ပါတယ်။

တနင်္ဂနွေနေ့မှာ တခေါက် ပြန်ဆယ်ဖို့ ကြိုးစား ကြ အုံးမှာ ဖြစ် ပါတယ်။

ခုထိ မတွေ့သေးတဲ့ ခရီးသည် အများစု ရဲ့ ရုပ်အလောင်း တွေဟာ ဒီလေယာဉ် ကိုယ်ထည် ပိုင်း မှာ ရှိမယ်လို့ ယူဆ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ