ဂျပန်​ဓားစာခံ တစ်​ဦး​ကို သတ်​လိုက်​ကြောင်း IS ကြေ​ညာ

  • 24 ဇန်နဝါရီ 2015
_kenji_goto_japan_hostage_ ဓာတ်ပုံ မူပိုင် AP
Image caption စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို တော့ အသက်ရှင်လျှက် ရှိနေသေး ကြောင်း အဲဒီ့ ဗီဒီယို ထဲမှာ ပြောထား ပါတယ်။

အစ္စလာမ္မစ် နိုင်ငံတော် အဖွဲ့ IS တွေ ဟာ သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် နိုင်ငံသား ဓားစာခံ ၂ ယောက် ထဲက တစ် ယောက် ကို သတ်ဖြတ် လိုက်ပြီ လို့ ကြေညာ ထား တဲ့ ဗီဒီယို ကို အွန်လိုင်း ကနေ ဖြန့်ချီ ခဲ့တဲ့ အပေါ် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ဒေါသတကြီး တုန့်ပြန် နေပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကလည်း ဒါဟာ IS တွေရဲ့ ကြမ်းကြုတ် ရက်စက်တဲ့ လူသတ်မှု ဖြစ်တယ် ဆိုပြီး ပစ်တင် ရှုတ်ချ နေပါတယ်။

အဆိုပါ ဗီဒီယို ဟာ အရင် IS တွေ ထုတ်လွှတ် ခဲ့ဖူးတဲ့ ဗီဒီယို တွေနဲ့ နှိုင်းယှဉ်ရင် ရိုက်ကူးပုံ ဟန်ပန် နဲ့ ဖော်ပြ ပါဝင်နေမှု တွေဟာ ကွဲပြား နေတာ ကို တွေ့ရပြီး အခု အဆိုပါ ဗီဒီယို ကို ဂျပန် နဲ့ အမေရိကန် ထောက်လှမ်းရေး တွေက အစ်အမှန် ဟုတ် မဟုတ် စမ်းစစ် လျှက် ရှိပါတယ်။

IS တွေ လက်ထဲ ရောက်နေတဲ့ လုံခြုံရေး ဆိုင်ရာ အကြံပေး ဟရုန ယုကာဝါ ကို သတ်ပစ်ခဲ့ပြီး စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို တော့ အသက်ရှင်လျှက် ရှိနေသေး ကြောင်း အဲဒီ့ ဗီဒီယို ထဲမှာ ပြောထား ပါတယ်။

ဒီ ဗီဒီယို မှတ်တမ်းဟာ လက်ခံ နိုင်ဖွယ်ရာ မရှိ ကျူးလွန်မှု ဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဘေး က ပြောလိုက်ပြီး ညသန်းခေါင် အချိန်မှာပဲ အစိုးရ ကက်ဘိနက် အရေးပေါ် အစည်းအဝေး ခေါ်ယူ လိုက်ပါတယ်။

IS တွေဟာ သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် နိုင်ငံသား ၂ ဦး ကို လွတ်မြောက် စေချင်ရင် ဒေါ်လာ သန်း ၂၀၀ ပေးရမယ် ဆိုပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်း ကတော့ တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ