ရွေး​ကောက်​ပွဲ​မှာ ထပ်​နိုင်​ရင် ဘို​ကို​ဟာ​ရမ်​ကို ချေ​မှုန်း​မယ်​လို့ နိုင်​ဂျီး​ရီး​ယား သမ္မတ ကတိ​ပေး

  • 24 ဇန်နဝါရီ 2015
_nigeria_elections ဓာတ်ပုံ မူပိုင် Getty
Image caption ဘိုကိုဟာရမ်တွေ အဓိက ထကြွနေရာ အချက်အချာ မြို့ဖြစ်တဲ့ မိုင်ဒူဂူရီကို သမ္မတ ဂျွန်နသန် မဲဆွယ်ဖို့ ရောက်လာ။

လာမယ့် ဖေဖေါ်ဝါရီ လ မှာ ပြုလုပ်မယ့် နိုင်ဂျီရီးယား ရွေးကောက်ပွဲ မှာ တကယ်လို့ သူသာ ပြန်လည် အရွေး ခံရမယ် ဆိုရင် စစ်သွေးကြွ ဘိုကိုဟာရမ်တွေ ကို နှိမ်နှင်းပစ်မယ် ဆိုပြီး လက်ရှိ သမ္မတ ဂွဒ်လပ်ခ် ဂျွန်နသန် က ကတိပေး ပြောဆို လိုက်ပါတယ်။

ဘိုကိုဟာရမ်တွေ အဓိက ထကြွနေရာ အချက်အချာ မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ် စည်းရုံး မှု အတွင်း သမ္မတ ဂျွန်နသန် က အခုလို ပြော ဆိုခဲ့တာပါ။

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ဘက် ဒေသမှာ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်မယ် ဆိုပြီးတော့လည်း မစ္စတာ ဂျွန်နသန် က ဆိုပါတယ်။

မိုင်ဒူဂူရီ ကို သမ္မတ ဂျွန်နသန် လာရောက်ဖို့ လုံခြုံရေး အစီအစဉ်တွေ အကြီးအကျယ် ပြုလုပ်ထား ခဲ့ပါတယ်။

အဒီ့ မတိုင်ခင် ၂ ရက် ကပဲ မိုင်ဒူဂူရီ ဆင်ခြေဖုံး အရပ်က ကျေးရွာ တစ်ခုကို ဘိုကိုဟာရမ် တွေ တိုက်ခိုက် ခဲ့ကြ ပါတယ်။

မစ္စတာ ဂျွန်နသန် ရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း မိုဟာမက်ဒူ ဘူဟာရီ ကလည်း သူသာ အနိုင်ရရင် အစ္စသလာမ်မစါ သူပုန်တွေ ကို နှိမ်နှင်း နိုင်ရေး ကို ဦးစား ဆောင်ရွက်မယ် လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ