ယူကရိန်း မြို့ကြီး တမြို့ တိုက်ခိုက်ခံရ

  • 24 ဇန်နဝါရီ 2015
ukraine
Image caption လူနေ အဆောက်အအုံတွေ ထိခိုက် ပျက်စီး

ယူကရိန်း အရှေ့ပိုင်း ရုရှနဲ့ ကရိုင်းမီးယား ကျွန်းဆွယ် ကြား က စစ်ရေး အရ အရေး ပါတဲ့ Mariupol မြို့ မှာ ဒုံးကျည် နဲ့ တိုက်ခိုက် မှု တွေ ကြောင့် လူ ၂ဝ သေဆုံး ပြီး လူ ၈ဝ ကျော် ဒဏ်ရာ ရသွား တယ် လို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီး ဌာန က ပြောကြား ပါတယ်။

ယူကရိန်း အစိုးရ ထိန်းချုပ် ထား တဲ့ ဒီ ဆိပ်ကမ်း မြို့ ကို ရုရှ လိုလား တဲ့ သူပုန် တွေ က ပစ်ခတ် မှုကြောင့် စျေးနဲ့ လူနေ အဆောက်အအုံ တွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ Mariupol မြို့ က အရာရှိ တွေက ပြောပါတယ်။

သူပုန် ခေါင်းဆောင် တယောက် က ဒီမြို့ ကို ထိုးစစ် ဆင်ခဲ့ ကြောင်း ဝန်ခံ ပါ တယ်။

နောက်ထပ် အပစ်ရပ် ဆွေးနွေးပွဲ တွေ လုပ်ဖို့ ကမ်းလှမ်းချက် ကို လည်း သူပုန် တွေက ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ