ဂ​ရိ ရွေး​ကောက်​ပွဲ လက်ဝဲ ဆီ​ရစ်​ဇာ​ပါ​တီ အနိုင်ရ

  • 25 ဇန်နဝါရီ 2015
greece_syriza ဓာတ်ပုံ မူပိုင် Getty
Image caption ဂရိ အပေါ် တင်ရှိနေတဲ့ ဒေါ်လာ သန်းထောင်ပေါင်း များစွာသော နိုင်ငံတကာ ကြွေးမြီ တွေ နဲ့ ပတ်သက်ပြီး ပြန်လည် ညှိနှိုင်း ပေးမယ် လို့ ဆီရစ်ဇာ ပါတီ က ရွေးကောက်ပွဲ အကြို ကတိပေး ထားပါတယ်။

ဂရိနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ မှာ လက်ဝဲ ဆီရစ်ဇာ ပါတီ က အနိုင် ရသွား ပြီး ရာထူး နေရာ က ဖယ်ရှား ပေးရတော့မယ့် ကွန်ဆားဗတစ်ဗ် ဝန်ကြီးချုပ် အဲန်တိုးနစ် ဆမ်းပရပ်စ် က ဆီရစ်ဇာ ခေါင်းဆောင် အလက်ဆီ ဆီးပရပ်စ် ကို တယ်လီဖုန်း နဲ့ ဂုဏ်ပြု စကား ပြောကြား ခဲ့ပါတယ်။

လောလောဆယ် အချိန်မှာ တော့ ဆီရစ်ဇာ ပါတီ တစ်ခုတည်း နဲ့ အစိုးရ ဖွဲ့ လို့ ရနိုင် တဲ့ အထိ ပါလီမန် နေရာ တွေ အသာစီး ရရှိ ထားသလား ဆိုတာ ကို တိတိ ကျကျ မသိရ သေးပါဘူး။

ဆီရစ်ဇာ ပါတီ ရဲ့ ခေါင်းဆောင် အလက်ဆီ ဆီးပရက်စ် က ဂရိ အပေါ် တင်ရှိနေတဲ့ ဒေါ်လာ သန်းထောင်ပေါင်း များစွာသော နိုင်ငံတကာ ကြွေးမြီ တွေ နဲ့ ပတ်သက်ပြီး ပြန်လည် ညှိနှိုင်း ပေးမယ် လို့ ရွေးကောက်ပွဲ အကြို ကတိပေး ထားခဲ့ပြီး၊ အဲဒီ့ ကြွေးမြီတွေ ကြောင့် ဂရိနိုင်ငံမှာ နှစ်ကာလ အတန်ကြာ အစိုးရ အသုံးစားရိတ် ဘတ်ဂျက်တွေ လျှော့ချ ဖြတ်တောက် နေရတာကို အဆုံး သတ်ပစ်မယ် လို့လည်း ပြောထား ပါတယ်။

ဒီလို မူဝါဒဟာ နိုင်ငံတကာ နဲ့ ကြွေးမြီ ပြဿနာ တက်လာပြီး ကျန် ဥရောပ သမဂ္ဂဝင် နိုင်ငံတွေ နဲ့ အတိုက်အခံ ဖြစ်လာကာ ယူရို ငွေကြေး စျေးကွက်ထဲ ကနေ ဂရိနိုင်ငံ ထွက်သွား ရမယ့် အန္တရာယ် ကြုံလာရ နိုင်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ