နိုင်​ဂျီး​ရီး​ယား မိုင်​ဒူ​ဂူ​ရီ မြို့​မှာ ကာ​ဖျူး ထုတ်

  • 25 ဇန်နဝါရီ 2015
_maiduguri_
Image caption ဒေသတွင်း က နောက်ထပ် တစ်မြို့ဖြစ်တဲ့ မွန်ဂူနို မှာတော့ အစိုးရ အခြေစိုက် စခန်းကို ဘိုကိုဟာရမ်တွေ သိမ်းပိုက်ပြီး မြို့ကိုလည်း ထိန်းချူပ် ထားလိုက်ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံ မိုင်ဒူဂူရီ မြို့ မှာ ဘိုကိုဟာရမ် တွေ လို့ ယူဆ ရတဲ့ စစ်သွေးကြွ လက်နက်ကိုင် တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ကြ အပြီး လူ အများအပြား သေဆုံး ခဲ့ရတဲ့ နောက် အခုဆို ကာဖျူး အမိန့် ထုတ်ပြန် ထား ပါတယ်။ နိုင်ဂျီးရီးယား စစ်တပ် ရဲ့ အသုံးအနှုံး အရတော့ ဆုတ်ခွာ သွားတဲ့ အကြမ်းဖက် အဖွဲ့နောက် ကို လိုက်လံ ခေျမှုန်း နိုင်ဖို့ အစိုးရတပ် က မြေပြင် ဝေဟင် ပူးတွဲ စီမံကိန်း စတင် နေပြီလို့ ဆိုပါ တယ်။

အခု ဆိုရင် မိုင်ဒူဂူရီ မြို့ ရဲ့ လမ်းတွေ ပေါ် မှာ ပတ္တယောင် လှည့်နေတဲ့ စစ်သားတွေ၊ ရဲတွေ နဲ့ တိုက်ခိုက် သွားသူ တွေကို လက်တုန့် ပြန်လိုကြသူ တချို့ က လွဲပြီး ခြောက်ကပ် နေတယ် လို့ မြို့ခံ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ဂျီးရီးယား အာဏာပိုင် တွေ အဆိုအရ ဒေသတွင်း က နောက်ထပ် တစ်မြို့ ဖြစ်တဲ့ မွန်ဂူနို မှာတော့ အစိုးရ အခြေစိုက် စခန်း ကို ဘိုကိုဟာရမ် တွေ သိမ်းပိုက်ပြီး မြို့ကိုလည်း ထိန်းချူပ် ထားလိုက်တယ် လို့ သိရပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံ ရွေးကောက်ပွဲ လည်း လာမယ့် လထဲမှာ ကျင်းပဖို့ ရှိရာမှာ ဘယ်လောက် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကျင်းပ နိုင်သလဲ ဆိုတဲ့ အပေါ် မူတည်ပြီး အမေရိကန် အနေနဲ့ နိုင်ဂျီးရီးယား မှာ ကြုံတွေ့ နေရတဲ့ အစ္စလာမ်မစ် လက်နက်ကိုင် တွေ အန္တရာယ် ကို နှိမ်နှင်းရေး မှာ ပိုမို ကူညီ ဖို့ ပြင်ဆင် ထားကြောင်း နိုင်ဂျီးရီးယား နိုင်ငံ လေးဂေါ့စ် မြို့ ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ လာရောက်စဉ် က ပြောကြား ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ