အက်ပဲလ် ကုမ္ပဏီ အမြတ်ငွေ စံချိန်တင်

  • 28 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အိုင်ဖုန်း အလုံးရေ စံချိန်တင် ရောင်းချခဲ့ရ

အမေရိကန်က ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Apple ကုမ္ပဏီက ၃ လပတ်အတွက် အမြတ်ငွေ ပမာဏ စံချိန်တင် လိုက်နိုင်ပါတယ်။

၂၀၁၄ ဒီဇင်ဘာ ၂၇ မှာ အဆုံးသတ်တဲ့ သူတို့ရဲ့ ပထမ ၃ လပတ် အတွက် အသားတင် အမြတ်ငွေ ဒေါ်လာ ၁၈ ဘီလျံ ရခဲ့တယ်လို့Apple က ကြေညာ ခဲ့ပါတယ်။

ဒါဟာ အများပိုင် ကုမ္ပဏီ တစ်ခု အနေနဲ့ အများဆုံး ရတဲ့ အမြတ်အစွန်းဖြစ်ပြီး ၂၀၁၂ ဒုတိယ ၃ လပတ် တုန်းက ExxonMobil တင်ထားတဲ့ ဒေါ်လာ ၁၅ ဒသမ ၉ ဘီလျံ စံချိန်ကို ချိုးလိုက် နိုင်တာ ဖြစ်ပါတယ်။

၂၀၁၄ ဒီဇင်ဘာ ၂၇ မတိုင်မီ ၃ လ အတွင်း အိုင်ဖုန်း အလုံးရေ ၇၄ ဒသမ ၅ သန်း ရောင်းချ ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ