အစ္စရေး ယာဉ်တန်း တိုက်ခိုက်ခံရ၊ ၃ ဦးသေ

  • 28 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး တပ်က လက်ဘနွန် တောင်ပိုင်းကို ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့

အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်မှာ အစ္စရေး ယာဉ်တန်းကို ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေက ပစ်ခတ် တိုက်ခိုက် ခဲ့လို့ အစ္စရေး စစ်သား ၂ ဦးနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး သွားပါတယ်။

ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေက အစ္စရေး ယာဉ်တန်းကို တင့်ကားဖျက် ဒုံးကျည်တွေနဲ့ တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး အစ္စရေး တပ်တွေက လက်ဘနွန် တောင်ပိုင်းကို ဗုံးဆံတွေနဲ့ ပြန်လည် တုံ့ပြန် ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ရက်က ဆီးရီးယား နိုင်ငံ ဂိုလန် ကုန်းမြင့်မှာ အစ္စရေး တိုက်လေယာဉ်က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အီရန် စစ်ဗိုလ်ချုပ် တစ်ဦးနဲ့ ဟစ်ဇဘိုလာ လက်နက်ကိုင် ၆ ဦး သေဆုံးခဲ့ရတဲ့ အတွက် အခုလို တိုက်ခိုက်တာ ဖြစ်တယ်လို့ ဟစ်ဇဘိုလာ ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ