ဂျပန်နဲ့ ဂျော်ဒန် ဓားစာခံတွေ လွတ်မြောက်ဖို့ ကြိုးပမ်းနေ

  • 28 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန် အလွတ် သတင်းထောက် Kenji Goto

ဂျပန်လူမျိုး ဓားစာခံ နောက်တစ်ဦးကို ၂၄ နာရီအတွင်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ ဗီဒီယို ထွက်လာပြီးနောက် ဒါဟာ စက်ဆုပ် ရွံရှာဖွယ် ဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ပြောပါတယ်။

အဲဒီ ဗီဒီယိုထဲမှာ ဂျပန် ဓားစာခံ မစ္စတာ Kenji Goto ရဲ့ အသံနဲ့ ပြောရာမှာ ဂျော်ဒန်ဘက်က ဖမ်းဆီး ထားတဲ့ အီရတ် စစ်သွေးကြွ အမျိုးသမီးကို လွှတ်မပေးဘူး ဆိုရင် မစ္စတာ Goto နဲ့ အတူ ဂျော်ဒန် နိုင်ငံသား လေယာဉ်မှူးတို့ အသတ်ခံရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဓားစာခံတွေ လွတ်မြောက်ဖို့ အတွက် ဂျော်ဒန် နိုင်ငံအတူ ဂျပန်က ပူးပေါင်း ဆောင်ရွက် နေတယ်လို့လည်း ဝန်ကြီးချုပ် မစ္စတာ အဘေးက ပြောပါတယ်။

တနင်္ဂနွေ နေ့ကတော့ ဂျပန်လူမျိုး ဓားစာခံ ပထမ တစ်ယောက်ကို သတ်ပစ်ခဲ့တယ်လို့ IS အဖွဲ့က ကြေညာခဲ့ပါတယ်။ အဲဒီ အချိန်က ပြန်ပေးငွေ ဒေါ်လာ သန်း ၂၀၀ ပေးဖို့ IS အဖွဲ့က ဂျပန်ကို တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ