အဲအေးရှား လေယာဉ် ပျက်မကျမီ တွဲဖက် လေယာဉ်မှူးက မောင်းခဲ့

  • 29 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် နိုင်ငံသား တွဲဖက် လေယာဉ်မှူး Remi Plesel က လေယာဉ်ပျက်ချိန်မှာ မောင်းနှင်ခဲ့

ဒီဇင်ဘာ ၂၈ ရက်နေ့က ဂျာဗား ပင်လယ်ပြင် ထဲကို ပျက်ကျ သွားခဲ့တဲ့ အဲအေးရှား လေယာဉ်ကို ပြင်သစ် နိုင်ငံသား တွဲဖက် လေယာဉ်မှူးက ပျက်ကျချိန်မှာ ထိန်းချုပ် မောင်းနှင်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရတယ်လို့ အင်ဒိုနီးရှား စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

လေယာဉ်မှူး အခန်းက အသံမှတ်တမ်းနဲ့ ပျံသန်းမှု မှတ်တမ်းတွေ အရ ပြင်သစ် နိုင်ငံသား တွဲဖက် လေယာဉ်မှူး Remi Plesel က ထိန်းချုပ် မောင်းနှင်ခဲ့တယ် ဆိုတာ ညွှန်ပြ နေကြောင်းနဲ့ အခုလို အကူ လေယာဉ်မှူးက ထိန်းချုပ် မောင်းနှင်တာဟာ ထုံးစံ ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။

လေယာဉ် ပျက်မကျမီမှာ အမြင့်ပေ ၃၂၀၀၀ ကနေ ပေ ၃၇၄၀၀ ကို စက္ကန့် ၃၀ အတွင်း မြင့်တက်ခဲ့ကြောင်း၊ အဲဒီနောက် အမြင့်ပေ ၃၂၀၀၀ ကို ပြန်လည် နိမ့်ဆင်းခဲ့ကြောင်း၊ ဒီလို အမြင့်ပေ ပြောင်းလဲတဲ့ ဖြစ်စဉ် တစ်ခုလုံးက ၃ မိနစ်သာ ကြာခဲ့ကြောင်း စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

အဲအေးရှား လေယာဉ်ဟာ ဆူရာဘာယာ ကနေ စင်ကာပူကို လူ ၁၆၂ ဦး တင်ဆောင် ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပြီး ခုချိန်ထိ အလောင်း ၇၃ လောင်းကို ရှာတွေ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ