အီဘိုလာ ဗိုင်းရပ်စ် မျိုးဗီဇ ပြောင်းလဲသွားဟု ဆို

  • 29 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption အီဘိုလာကြောင့် လူ ၈ ထောင် ၇ ရာကျော် သေဆုံးခဲ့

အီဘိုလာ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇ ပြောင်းလဲ သွားတာကို တွေ့ရတယ်လို့ ဂီနီ နိုင်ငံမှာ အီဘိုလာ ကူးစက်မှုကို စောင့်ကြည့်နေတဲ့ သိပ္ပံ ပညာရှင်တွေက ပြောလိုက်ပါတယ်။

ဒီလို ဗိုင်းရပ်စ်ရဲ့ ဗီဇ သဘာဝ ပြောင်းလဲမှုသွားမှုကြောင့် ရောဂါ ကူးစက်ဖို့ ပိုမို လွယ်ကူလာသလား ဆိုတာကို ပြင်သစ် နိုင်ငံမှာ ရှိတဲ့ Institut Pasteur က သုတေသီတွေက စစ်ဆေး နေကြပါတယ်။

ဂီနီ၊ ဆီယာရာ လီယွန်းနဲ့ လိုင်ဘေးရီးယား နိုင်ငံက အများစု ဖြစ်တဲ့ လူပေါင်း ၂ သောင်း ၂ ထောင်ကျော် အီဘိုလာ ကူးစက် ခံခဲ့ရပြီး အဲဒီ အထဲက ၈၇၉၅ ယောက် သေဆုံး ခဲ့ရပါတယ်။

ဗီဇ ပြောင်းလဲသွားတဲ့ အီဘိုလာ ပိုးဟာ လူတစ်ဦးကနေ တစ်ဦးကို ပိုပြီး လွယ်လွယ်ကူကူ ကူးစက် နိုင်မလား ဆိုတာကို သိရဖို့ ဂီနီ နိုင်ငံက အီဘိုလာ ရောဂါရှင်တွေရဲ့ သွေးနမူနာတွေကို သုံးပြီး သိပ္ပံပညာရှင်တွေ စစ်ဆေး နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ