အီဂျစ်မှာ စစ်သွေးကြွတွေ ဝင်တိုက်

  • 30 ဇန်နဝါရီ 2015
အီဂျစ်နိုင်ငံဝှမ်းဆန္ဒပြပွဲတွေကြောင့်တင်းမာမှုကြီးထွား ဓာတ်ပုံ မူပိုင် EPA
Image caption အီဂျစ်နိုင်ငံဝှမ်း ဆန္ဒပြပွဲတွေကြောင့် တင်းမာမှုကြီးထွား

အီဂျစ် ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်း မှာ စစ်သွေးကြွ တိုက်ခိုက်မှု တွေကြောင့် အနည်းဆုံး လူ ၂၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရ ခဲ့ပါတယ်။

ဒေသတွင်းမှာ အစ္စလာမ္မစ် အစွန်းရောက် တွေ ကို နှိမ်နင်း နေတဲ့ လုံခြုံရေး ဝန်ထမ်း အများအပြား သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

မြို့ အတော်များများက စစ်ဆေးရေး ဂိတ် တွေ၊ ရဲနဲ့ စစ်စခန်း တွေကို မော်တာ ကျည်ဆန်တွေ၊ လက်နက်ကြီး တွေနဲ့ တိုက်ခိုက် ခံခဲ့ရ ပါတယ်။

ဒေသ မြို့တော် El Arish မှာ အဆိုးရွားဆုံး တိုက်ခိုက် ခံရပါတယ်။

အစ္စလာမ္မစ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ၂ဝ၁၃ က အာဏာသိမ်း ဖြုတ်ချ ခဲ့ပြီး နောက်ပိုင်း စစ်သွေးကြွ တိုက်ခိုက်မှု တွေ များပြား လာခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကို အီဂျစ်စစ်တပ်က အကြီးအကျယ်နှိမ်နင်း ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အိုင်အက်စ် အစ္စလမ်မစ်နိုင်ငံအဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့အဖွဲ့ကသူတို့ရဲ့ လက်ချက်လို့ကြေညာသွားပါတယ်။