IS ဓားစာခံ လွတ်မြောက်ရေး ဂျော်ဒန် ဆွေးနွေး

  • 29 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ဂျော်ဒန် တိုက်လေယာဉ်မှူး ပြန်လွတ်လာဖို့ ဖိအားပေး တောင်းဆိုနေကြ

IS အစ္စလာမစ် နိုင်ငံ အဖွဲ့က ဖမ်းဆီးထားတဲ့ ဂျော်ဒန် တိုက်လေယာဉ်မှူး Moaz al-Kasasbeh ပြန်လည် လွတ်မြောက်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ဂျော်ဒန် နိုင်ငံတွင်းမှာ ဖိအားပေးမှုတွေ တိုးပွားလာနေချိန်မှာပဲ ဂျော်ဒန် အစိုးရအဖွဲ့တွင်း တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

အစောပိုင်းတုန်းက IS အဖွဲ့က ထိန်းသိမ်းထားတဲ့ နောက်ထပ် ဓားစာခံ ဂျပန်လူမျိုး Kenji Goto ရဲ့ အသံနဲ့ ပြောထားတဲ့ ရာဇသံကို IS အဖွဲ့က ထုတ်ပြန်ခဲ့ရာမှာ အသေခံ ဗုံးခွဲဖို့ ကြံစည်မှုနဲ့ ဂျော်ဒန်မှာ အကျဉ်းကျ ခံနေရတဲ့ အီရတ် အမျိုးသမီးကို ဒီကနေ့ နှောင်းပိုင်း မတိုင်ခင် ပြန်လွှတ်ပေးဖို့နဲ့ မဟုတ်ရင် အဲဒီ တိုက်လေယာဉ်မှူး Moaz al-Kasasbeh ကို သတ်ပစ်မယ်လို့ ရာဇသံ ပေးထားပါတယ်။

အကျဉ်းသားချင်း လဲလှယ်ပေးဖို့ ဂျော်ဒန် အစိုးရက သဘောတူထားပြီး ဖြစ်ပေမယ့် အဲဒီ တိုက်လေယာဉ်မှူး Moaz al-Kasasbeh အသက်ရှင် နေသေးကြောင်း သက်သေပြဖို့ ဂျော်ဒန် အစိုးရက တောင်းဆို ထားပါတယ်။

အဲဒီလို အကျဉ်းသား လဲလှယ်ရာမှာ ဂျပန်လူမျိုး ဓားစာခံ Kenji Goto လည်း ပါဝင်မယ် မပါဝင်ဘူး ဆိုတာကို ဖော်ပြခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ