ဂျော်ဒန် လေယာဉ်မှူး အသက်ကယ်ရေး အစိုးရဖိအားပေးခံရ

  • 29 ဇန်နဝါရီ 2015
လေယာဉ်မှူး ကယ်ဆယ်ရေး ဆန္ဒပြတောင်းဆို ဓာတ်ပုံ မူပိုင် REUTERS
Image caption လေယာဉ်မှူး ကယ်ဆယ်ရေး ဆန္ဒပြတောင်းဆို

အိုင်အက်စ် အစ္စလမ်မစ်နိုင်ငံအဖွဲ့က ဖမ်းထားတဲ့ ဂျော်ဒန်လေတပ်မှ လေယာဉ်မှူးကို ကယ်တင်ဖို့ ဂျော်ဒန်နိုင်ငံသားတွေက အစိုးရကို တောင်းဆိုနေကြပါတယ်။ လေယာဉ်မှူး Muath al Kasaebeh ကို ဂျပန် သတင်းထောက် ကန်ဂျီဂိုတိုနဲ့အတူ ဖမ်းထားတာဖြစ်ပါတယ်။ အီရတ်ဂျီဟတ်ဝါဒီ Sajida al Rishawiကိုလွှတ်မပေးရင် သူတို့နှစ်ယောက်ကို အိုင်အက်စ်အဖွဲ့က ၂၄နာရီအတွင်း သတ်ပစ်မယ်လို့ video နဲ့ထုတ်ပြန် ကြေညာထားပါတယ်။

အိုင်အက်စ်အဖွဲ့ကို တိုက်နေတဲ့ အမေရိကန်တို့ရဲ့ မဟာမိတ်အဖွဲ့မှာ ဂျော်ဒန်က ပါဝင်နေတာသူ့နို င်ငံအတွက် ဘယ်လောက် အခြေအနေဆိုးလည်းဆိုတာ အခုဓါးစာခံ ပြဿနာက ထင်ရှားစေတယ်လို့ ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။ ဂျော်ဒန်ဘုရင် အက်ဒူလာဟာ အမေရိကန်အတွက် ယုံကြည်ရတဲ့ မဟာမိတ်ဖြစ်ပြီး ဒီအဖွဲ့ကနှုတ်ထွက်ဖို့တော့ခက်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားနဲ့ အီရတ်တို့လို နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းဆက်နေပြီး ဂျော်ဒန်နိုင်ငံထဲမှာလည်း ဂျီဟတ်ဝါဒီတွေကို လိုလားသူတွေ သိပ်မရှားပါဘူး

ဂျော်ဒန် လေယာဉ်မှူးကို အိုင်အက်စ်အဖွဲ့က မိသွားကတည်းက ဒီစစ်ဆင်ရေးတွေမှာ ဂျော်ဒန် ပါတာကို ဆန့်ကျင်မှု အသံပိုကျယ်လာပါတယ်။

အိုင်အက်စ်ဘက်က နဂိုအမေရိကန် ဒေါ်လာ သန်း၂၀၀ ပြန်ရွေးခတောင်း ထားရာကနေ အခုတော့ အသေခံဗုံးခွဲမယ့် အယ်ကိုင်းဒါး အဖွဲ့ဝင်ဟောင်း Sajada al Rishawiကို လွှတ်ဖို့ ဘာကြောင့် တောင်းတယ်ဆိုတာတော့ ရှင်းရှင်းမသိရပါဘူး။

လွန်ခဲ့တဲ့ဆယ်နှစ်က အီရတ်မှာရှိတဲ့ အယ်ကိုင်းဒါး ခေါင်းဆောင်Abu Musab al Zaqwiရဲ့အမိန့်နဲ့ Sajida ကို ဂျော်ဒန်ကို လွှတ်တာဖြစ်ပါတယ်။ အခု အိုင်အက်စ်အဖွဲ့မှာ ခေါင်းဆောင်ဖြစ်နေတဲ့အီရတ် အချို့ဟာလည်း ရက်စက်တဲ့Zaqwi ရဲ့အဖွဲ့ဝင်ဟောင်းတွေဖြစ်ပါတယ်။ ဒါကြောင့်အခုလို Sajidaကို ပြန်လွှတ်ဖို့ တောင်းဆိုတာဟာ အိုင်အက်စ်အဖွဲ့ရဲ့ တကယ့်ဇစ်မြစ်ကို ဖေါ်ပြလိုက်တာပဲဖြစ်တယ်လို့ ဘီဘီစီသတင်းထောက် ပေါလ်အက်ဒမ်က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ