MH370 ပျက်ကျကြောင်း တရားဝင် ကြေညာ

  • 29 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ရှာဖွေမှုတွေ ဆက်လုပ်သွားမယ်လို့ မလေးရှား အစိုးရ ပြော

ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းပိုင် MH370 လေယာဉ်ဟာ မတော်တဆ ပျက်ကျ သွားတာ ဖြစ်ကြောင်းနဲ့ အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း မလေးရှား အစိုးရက တရားဝင် ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ပျောက်ဆုံးနေတဲ့ အဲဒီ လေယာဉ်ကို ခုချိန်အထိ အစအန မတွေ့ရသေးပေမယ့် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင် နေကြောင်း၊ လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၃၉ ဦးကိုတော့ သေဆုံး သွားပြီလို့ မှတ်ယူလိုက်ကြောင်း အရာရှိတွေက ပြောပါတယ်။

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ နိုင်ငံ ၂၅ နိုင်ငံက ကျွမ်းကျင်သူတွေ ပူးပေါင်း ရှာဖွေ နေကြပေမယ့် ခုချိန်ထိ လေယာဉ်ပျက် အစအနကို မတွေ့ရ သေးပါဘူး။

ခုလို လေယာဉ် ပျက်ကျကြောင်း တရားဝင် ကြေညာ လိုက်တဲ့အတွက် ကျန်ရစ်သူ မိသားစုတွေ အတွက် လျော်ကြေးငွေ ပေးဆောင်မှုတွေ ဆက်လက် လုပ်ဆောင် သွားဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ