ဆရယ်ဘရယ်နီဆာ သတ်ဖြတ်မှု၊ ပြစ်ဒဏ်တွေ အတည်ပြု

  • 30 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ၃ ရက်အတွင်း လူကြီးနဲ့ လူငယ် မွတ်ဆလင် ယောက်ျား ၈ ထောင်လောက် အသတ်ခံခဲ့ရ

အရင် ယူဂိုဆလားဗီးယား နိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ကြားနာ စီရင်တဲ့ ကုလသမဂ္ဂ ခုံရုံးက Srebrenica မှာ ကျူးလွန်ခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ဘော့ဆနီးယား ဆာ့ဘ် စစ်ခေါင်းဆောင် ၅ ယောက် အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို အတည်ပြုလိုက်ပါတယ်။

သူတို့ရဲ့ ပြစ်ဒဏ်တွေ အတွက် ၂၀၁၀ ခုနှစ်က အယူခံ ဝင်ထားခဲ့တာ ဖြစ်ပါတယ်။

မျိုးတုန်း သတ်ဖြတ်မှုနဲ့ ၂ ယောက်ကို ထောင်ဒဏ် တစ်သက် ချထားတာကိုလည်း အတည်ပြုပြီး တခြား နှစ်ယောက်ရဲ့ ပြစ်ဒဏ်ကိုလည်း အတည်ပြုခဲ့ပါတယ်။ ၅ ယောက်မြောက် ပုဂ္ဂိုလ်ရဲ့ နှစ်ရှည် ထောင်ဒဏ်ကိုတော့ နည်းနည်း လျှော့ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ က Srebrenica မှာ ၃ ရက်အတွင်း လူကြီးနဲ့ လူငယ် မွတ်ဆလင် ယောက်ျားတွေ ရှစ်ထောင်လောက် အသတ်ခံခဲ့ရပါတယ်။

အခု စီရင်ချက် ချခံရသူ ၅ ယောက်ဟာ ဘော့စနီးယား စစ်တပ်ထဲက ထိပ်တန်း ခေါင်းဆောင်ပိုင်းမှာ ပါသူတွေ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ