အိန္ဒိယရဲ့ ရွေ့ပြောင်း ဒုံးပစ်စင် စမ်းသပ်အောင်မြင်

  • 31 ဇန်နဝါရီ 2015
india
Image caption အိန္ဒိယရဲ့ တာဝေးပစ် ဒုံးကျည်

အိန္ဒိယနိုင်ငံမှာ နျူကလီးယား ထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ ရွေ့ပြောင်းပစ်စင်ကို စမ်းသပ်ရာမှာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အိန္ဒိယရဲ့ ကီလိုမီတာ ၅၀၀၀ အကွာကို ပစ်လွှတ်နိုင်တဲ့ အန်နီ ၅ ဒုံးကျည်တွေကို ဖြန့်ကျက်ဖို့ ပိုမို လွယ်ကူသွားစေပါတယ်။

အဲဒီ ဒုံးကျည်ဟာ ဥရောပနဲ့ တရုတ်ပြည်အပါအဝင် အာရှ အရှေ့မြောက်ပိုင်းက ပစ်မှတ်တွေကို ချိန်ရွယ် ပစ်ခတ်နိုင်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီကတော့ အခုလို ရွှေ့ပြောင်းပစ်စင်ကနေ ပစ်လွှတ်နိုင်တာကြောင့် ဒီဒုံးကျည်တွေဟာ တန်ဘိုးတက်လာမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူ့အစိုးရ အာဏာရခဲ့တဲ့ နောက်မှာ အိန္ဒိယ ရဲ့ လက်နက်တပ်ဆင်မှုတွေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ် ပြင်ဆင်သွားမယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။