ဒုတိယ​မြောက် ဂျပန်​ဓားစာခံ ကို ခေါင်း​ဖြတ်သတ်​တဲ့ ဗီ​ဒီ​ယို IS တွေ ထု​တ်ပြန်

  • 31 ဇန်နဝါရီ 2015
_kenji_goto_ ဓာတ်ပုံ မူပိုင် Reuters
Image caption အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS က သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို ကို ခေါင်းဖြတ် သတ်လိုက်တာ ကို ရိုက်ပြ ထားတာ လို့ ယူဆရ တဲ့ ဗီဒီယို ထုတ်ပြန် လိုက်ပါ တယ်။

မနေ့ အစောပိုင်းတုန်း က ဂျပန် အာဏာပိုင် တွေ ရဲ့ အဆိုအရ ဓားစာခံ လွတ်မြောက်ရေး အတွက် IS တွေ နဲ့ ဆွေးနွေး နေမှု ဟာ တိုးတက်မှု မရှိ ဖြစ်နေ ရတယ် လို့ ပြောထား ပါတယ်။

အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရ တာ ဖြစ်ပါတယ်။

အခု ISတွေ ထုတ်ပြန် လိုက်တဲ့ ဗီဒီယို ဟာ အစစ်အမှန် ဟုတ် မဟုတ်၊ စစ်ဆေးနေတယ် ဆိုပြီး၊ ဂျပန် အာဏာပိုင် တွေ က ပြောနေပါတယ်။

IS တွေ လက်ထဲ မစ္စတာ ဂိုတို လိုပဲ အဖမ်းခံ ထားရ တဲ့ ဂျော်ဒန် လေသူရဲ နဲ့ ပတ်သက် လို့တော့ ဘာမှ မသိရ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ