အဲလ်ဂျာဇီးယား သတင်းထောက်ကို အီဂျစ် ကနေ ပြည်နှင်ဒဏ်ပေး

  • 1 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ Greste ကို တခြား အဲလ်ဂျာဇီးယား သတင်း သမား ၂ ဦးနဲ့ အတူ ထောင်ချ ခဲ့တာပါ

အီဂျစ် နိုင်ငံက ဖမ်းဆီး ထောင်ချ ထားတဲ့ အဲလ်ဂျာ ဇီးယား သတင်းထောက် Peter Greste ကို ပြည်နှင်ဒဏ် ပေးလိုက်ပြီ ဖြစ်တယ်လို့ အီဂျစ် နိုင်ငံပိုင် မီဒီယာက ပြောပါတယ်။

သတင်းတွေ အရ မစ္စတာ Greste ကို လေယာဉ်နဲ့ ဆိုက်ပရပ်စ်ကို ပို့လိုက်တာလို့ သိရပါတယ်။

သူဟာ သြစတြေးလျ နိုင်ငံသား ဖြစ်ပြီး အရင်တုန်းက ဘီဘီစီမှာ သတင်းထောက် လုပ်ဖူး သူပါ။ ၂၀၁၃ ဒီဇင်ဘာလမှာ သူ့ကို သတင်းမှားတွေ တင်ပြ နေတယ် ဆိုတဲ့ စွဲချက်နဲ့ အီဂျစ် နိုင်ငံ ထဲမှာ ဖမ်းဆီး လိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၄ ဇွန်လ မှာတော့ ထောင်ဒဏ် ချမှတ် လိုက်တာပါ။

မစ္စတာ Greste ကို တခြား အဲလ်ဂျာ ဇီးယား သတင်း သမား ၂ ဦးနဲ့ အတူ ထောင်ချ ခဲ့တာပါ။

သတင်း သမား အားလုံး ကတော့ သူတို့ အပေါ် စွပ်စွဲ ထားချက် တွေဟာ မဟုတ် မမှန်ကြောင်း ငြင်းဆို ထားပြီး၊ တရားရုံး ကြားနားမှု ဟာလည်း အတု အယောင် သာ ဖြစ်တယ်လို့ ပြောခဲ့ကြ ပါတယ်။

အီဂျစ်မှာ တားမြစ် ထားတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ နဲ့ ဒီ သတင်းထောက် တွေဟာ ပူးပေါင်း ဆောင်ရွက် တာတွေ ရှိတယ် ဆိုပြီး အီဂျစ် အစိုးရက စွပ်စွဲ ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ