သြစတြေးလျ နိုင်ငံသား ၂ဦးကို အင်ဒို ကွပ်မျက်မယ်

  • 2 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption သူတို့အတွက် သက်ညှာခွင့် လျှောက်ထားမှုကို ငြင်းပယ်ခဲ့

အင်ဒိုနီးရှား နိုင်ငံမှာ နောက်တသုတ် ကွပ်မျက်မယ့် အကျဉ်းသားတွေ ထဲမှာ သြစတြေးလျ နိုင်ငံသား မူးယစ်ဆေး မှောင်ခိုသမား ၂ယောက် ပါဝင်တယ်လို့ အင်ဒိုနီးရှားက ကြေညာပါတယ်။

Andrew Chan နဲ့ Myuran Sukumaran ဆိုသူ ၂ ဦးဟာ မူးယစ်ဆေး မှောင်ခိုမှုနဲ့ ဘာလီကျွန်းမှာ ဖမ်းမိခဲ့တဲ့ ၉ ဦး အဖွဲ့ထဲက ဖြစ်ပြီး သူတို့ နှစ်ယောက်ကို သက်ညှာခွင့် ပေးဖို့ သြစတြေးလျ အစိုးရက မေတ္တာ ရပ်ခံခဲ့ပေမယ့် အင်ဒိုနီးရှား ရှေ့နေချုပ်က အခုလို ကြေညာ လိုက်တာပါ။

ပြီးခဲ့တဲ့ လကလည်း နိုင်ငံခြားသား ၅ ယောက် အပါအဝင် မူးယစ်ဆေး ရောင်းဝယ်သူ ၆ ယောက်ကို အင်ဒိုနီးရှား နိုင်ငံက ကွပ်မျက်ခဲ့ တဲ့အတွက် ဘရာဇီးနဲ့ နယ်သာလန် နိုင်ငံတွေက သံအမတ်တွေ ပြန်လည် ရုပ်သိမ်းပြီး ဆန့်ကျင် ခဲ့ကြပါတယ်။

အခုလည်း Chan နဲ့ Sukumaran တို့ ၂ ယောက်ကို ကွပ်မျက်မယ် ဆိုရင် အလားတူ လုပ်ဆောင် သွားမယ်လို့ သြစတြေးလျ အာဏာပိုင် တွေက ခြိမ်းခြောက် ထားပါတယ်။

ဒါပေမယ့် သမ္မတ ဂျိုကို ဝီဒိုဒို ကတော့ မူးယစ်ဆေး မှောင်ခိုသမား တွေကို ပြင်းပြင်း ထန်ထန် ကိုင်တွယ်မယ်လို့ ဒီကနေ့ပဲ ထပ်လောင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ